ချဲလ်ဆီးနှင့် ဂျိုးကိုးလ်တို့ လမ်းခွဲ တော့မည်

alt

ချဲလ်ဆီးနှင့် စာချုပ်သက်တမ်း တိုးရန် မဖြစ်နိုင်တော့ဟု ဂျိုးကိုးလ် က ကြေညာလိုက်ပြီး နောက် ချဲလ်ဆီး ၏ ပရီးမီးယား လိဂ်

ထိပ်တန်းပြိုင်ဖက် အသင်းများ အတွက် သတိပေး တပ်လှန့်မှု ဖြစ်လာခဲ့ရသည်။

အသက် (၂၈)နှစ် အရွယ် အရည်အသွေး ပြည့်ဝသော အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူက မိမိနှင့် ကလပ် အသင်းကြား စာချုပ်သက်တမ်း တိုးရေး ဆွေးနွေးမှုများ ပျက်စီးသွားပြီဟု ထုတ်ဖော် ပြောကြား လိုက်သည်။ သို့သော်လည်း ချဲလ်ဆီးနှင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့် နေသေးကြောင်း ကိုးလ် က ဆိုသည်။

ချဲလ်ဆီးသို့ ဝက်စ်ဟမ်း ယူနိုက်တက်မှ ပေါင် စတာလင် (၆.၆)သန်းဖြင့် (၂၀၀၃)ခုနှစ် ကတည်းက ရောက်ရှိနေသည့် ကိုးလ်က မိမိအနေနှင့် ဘောလုံးသမား ဘဝကိစ္စ များကို လူသိရှင်ကြား မပြောခဲ့ ဖူးကြောင်း၊ သို့သော်လည်း ယခုအခါတွင်မူ မည်သို့ ဆက်ဖြစ်လာမည်ကို ဝေခွဲမရသဖြင့် ထုတ်ပြော ရခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ယခင်ကမူ ချဲလ်ဆီးနည်းပြ ကာလို့စ် အန်ဆယ်လော့တီ က ကိုးလ်သည် အသင်းတွင် ဆက်ရှိနေရန် (၁၀၀) ရာခိုင်နှုန်း သေချာ ကြောင်း ပြောဆိုခဲ့ဖူးသည်။ ကိုးလ် အား မန်ချက်စတာ ယူနိုက်တက် အပါအဝင် အင်္ဂလန်ထိပ်တန်း ကလပ်အသင်း များစွာ က စိတ်ဝင်စားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here