ဒေါ်လာ၆သန်း မွေးနေ့ လက်ဆောင် ရရှိမည့် ဗြိတိသျှ အဆိုတော် ဆူဇန်ဘွိုင်း

alt

မကြာမီ အသက် (၄၉)နှစ်ပြည့်မည့် ဗြိတိန် အဆိုတော် ဆူဇန်ဘွိုင်း အတွက် အလွန် တန်ဖိုးကြီးသော မွေးနေ့ လက်ဆောင်ကို

ရရှိတော့မည် ဖြစ်သည်။

ဆူဇန်သည် ဧပြီလ (၁၀)ရက် နေ့တွင် အသက် (၄၉)နှစ် တင်းတင်း ပြည့်မည်ဖြစ်ပြီး ထိုနေ့တွင် ဒေါ်လာ (၆)သန်းတန် ချက်လက်မှတ် တစောင်ကို ရရှိမည် ဖြစ်သည်။ သူမသည် (၂၀၀၉)ခုနှစ်က ဆိုင်မွန်ကော်ဝဲလ် ၏ Britain’s Got Talent အစီအစဉ် မှတဆင့် ကျော်ကြားလာပြီး သူမ၏ သီချင်း ဆိုပုံကို အင်တာနက် မှတဆင့် လူသန်းပေါင်း များစွာက အားပေး ကြည့်ရှုခဲ့သည်။

ယခုအခါ I Dreamed A Dream အယ်ဘမ်ကို ထုတ်ဝေပြီး ကမ္ဘာနှင့်တဝှမ်း အယ်ဘမ်ချပ်ရေ (၈.၅) သန်းကို ရောင်းချနိုင်သည် အထိ အောင်မြင်မှု ရရှိခဲ့သည်။ သူမသည် ယခုအခါ ကော်ဝဲလ် စီစဉ်ပေး သော အိမ်တလုံးတွင် နေထိုင်လျှက် ရှိသော်လည်း ငွေကြေးအားဖြင့် ကြွယ်ဝမှု မရှိလှသေးပေ။

သူမ၏ အနုပညာ အောင်မြင်မှုနှင့် ပတ်သက်သော သန်းချီရှိသည့် ဒေါ်လာများကို မွေးနေ့ကျမှ ပထမ ဆုံး ရရှိမည် ဖြစ်သည်။ ဆူဇန်၏ မိတ်ဆွေများက လူတိုင်းသည် ဆူဇန်မှာ သန်းကြွယ် သူဌေးတဦး ဖြစ် နေပြီဟု ထင်မှတ်နေကြကြောင်း၊ အမှန်အားဖြင့် ဆူဇန်သည် ငွေကြေးများကို လက်ဝယ် ပိုင်ဆိုင်ခြင်း မရှိသေးဘဲ ယခုအခါ သူမ၏ မွေးနေ့ကို ရင်ခုန် မျှော်လင့်နေကြောင်း ပြောကြားသွား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here