ဗြိတိန်တွင် လေထု ညစ်ညမ်းမှု ဆိုးကျိုးများ သက်ရောက်

alt

ဗြိတိန်တွင် လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်း (၅)သောင်းမျှ အချိန်မတိုင်မီ သေဆုံး နေရကြောင်း သိရှိရသည်။

ပညာရှင်များက မီးရှို့ခြင်း ကဲ့သို့ အချင်းအရာ​ များမှ ထွက်ပေါ်လာသည့် လေထု အတွင်း နေရာယူ ထားသော သေးငယ်သည့် အစက် အမှုန်လေး​ များသည် လေထု ညစ်ညမ်းမှုကို ဖြစ်စေပြီး လူ့ သက်တမ်းကို ပျမ်းမျှအားဖြင့် (၉)နှစ် လျော့နည်း​ စေကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် (၆)လကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိန်ရှိ လူပေါင်း (၅)သောင်းခန့်မှာ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် အချိန်မတိုင်မီ သေဆုံးနေကြောင်း ရလဒ် ပေါ်ထွက်လာခဲ့ရသည်။ အထူးသဖြင့် လန်ဒန်​ မြို့လယ်နှင့် အခြားသော မြို့ကြီးများ၏ လေထုညစ်ညမ်းမှု ထူပြောရာ ဒေသများ အနီးတွင် ယင်းဆိုးကျိုး သက်ရောက်မှုက ပိုမို သိသာနေကြောင်း ပညာရှင်များက ဆိုသည်။

ဩဇာကြီးမားသည့် ကျန်းမာရေးဆိုင်ရာ ကော်မတီတခုဖြစ်သည့် Department for Environments Food and Rural Affair မှ သုတေသီများက ဗြိတိန်နှင့် အခြားသော ဥရောပ ယူနီယံ အဖွဲ့ဝင်နိုင်ငံ အချို့အတွင်း လေထုထဲတွင် နိုက်ထရိုဂျင် အောက်ဆိုက် ဓာတ်ပေါင်းများ ပါ၀င်မှု အချိုးအစား မြင့်သည်ထက် မြင့်လာနေခြင်းအား သတိပေး ပြောဆိုခဲ့​ သည်။

လန်ဒန်လေထု သန့်ရှင်းရေး အဖွဲ့မှ ဒါရိုက်တာ ဆိုင်မွန်ဘာကက်က ယခု လေ့လာမှု ရလဒ်သည် ဗြိတိန်အတွက် အရှက်ရစရာ ဖြစ်စေကြောင်း၊ တာဝန်ရှိ သူများအနေနှင့် လေထု သန့်ရှင်းရေး အတွက် အလျင်အမြန် အရေးတယူ ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တော်ဝန် ဘောရစ်ဂျွန်ဆင် ကလည်း လန်ဒန်မြို့ လေထု ထဲတွင် PM10 ခေါ် လေထု ညစ်ညမ်းမှုကို ဖြစ်စေသည့် အမှုန်အမွှားများ ပါ၀င်မှု ပိုမိုများပြား လာသလို မြို့တော်၏လေထု အရည်အသွေးကို ပိုမို​ တိုးတက်အောင် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ဝန်ခံပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here