ဗြိတိန် ကျောင်းသားတဦး ဒိုင်နိုဆော မျိုးစိတ်သစ် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိ

alt

ဗြိတိန် နိုင်ငံမှ ဘွဲ့လွန်ဒေါက်တာဘွဲ့ ကျောင်းသား​ တဦးသည် တရုတ်နိုင်ငံတွင် ကြောက်စရာ ကောင်းသည့် ဒိုင်နိုဆော

မျိုးစိတ်သစ် တခု၏ ပြည့်စုံသော ရုပ်ကြွင်းအား ရှာဖွေ တွေ့ရှိခဲ့သည်။

မိုက်ကယ်ပစ်မန်းသည် အမေရိကန် နိုင်ငံသား သူငယ်ချင်း တဦးနှင့်အတူ တရုတ်နိုင်ငံသို့ ရောက်ရှိ​ နေစဉ် ယင်းရုပ်ကြွင်းအား တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ခန့်မှန်းခြေ အားဖြင့် (၅၅) ပေါင် မျှသာ အလေးချိန် ရှိသော်လည်း ယင်းမျိုးစိတ်သစ် အရွယ်ငယ်သော်လည်း ကြောက်စရာ ကောင်းသော အသားစား ဒိုင်နိုဆော တမျိုးဖြစ်သည်။

လန်ဒန်ကောလိပ်မှ ကျောင်းသားတဦး ဖြစ်သော ပစ်မန်း တွေ့ရှိသည့် ဒိုင်နိုဆောသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅)သန်း ကျော်က ရှင်သန်ခဲ့ခြင်း ဖြစ်သည်။ (၈)ပေ အရှည်ရှိသော အသားစား သတ္တဝါ တွင် အလွန်ချွန်ထက်သော သွားနှင့် လက်သည်းများ ရှိနေသည်။ ယင်းတို့သည် ကိုယ်အလေးချိန် ပေါ့ပါးမှုကြောင့် အမဲလိုက်ရာတွင် လျင်မြန်လိမ့်မည်ဟု ဂျော့ရှ် ဝါရှင်တန် တက္ကသိုလ်မှ ဂျိုနာ ချိုနီယာ က မှတ်ချက်ပြုခဲ့သည်။

၎င်းသည် ပစ်မန်းနှင့်အတူ ဒိုင်နိုဆော ရုပ်ကြွင်း၏ လက်သည်းကို ပထမဆုံး ဂရုပြုမိခဲ့သည်။ ထို့နောက်တွင်တော့ မိမိတို့နှစ်ဦး စူးစမ်း တူးဖော်ရာမှ ယခု ဒိုင်နိုဆော ရုပ်ကြွင်း တခုလုံးအား ရှာဖွေနိုင်ခဲ့ခြင်းဟု ချိုနီယာက ပြောကြားခဲ့သည်။ ယခု ရုပ်ကြွင်းသည် ကမ္ဘာဦး ဒိုင်နိုဆောများ အနက် အုပ်စုလိုက် အမဲလိုက်တတ်သော ကြောက်စရာ ဗီလော့ဆီရပ်တာ များနှင့် ဆင်တူသော်လည်း အကောင်ပိုသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here