အင်တာမီလန် နောက်ခံလူအား ရီးရဲလ် မက်ဒရစ် ခေါ်ယူလို

alt

စပိန်ထိပ်တန်း ကလပ် အသင်းကြီး ရီးရဲလ် မက်ဒရစ်သည် အီတလီ ချန်ပီယံ အင်တာမီလန်မှ ဘရာဇီး ညာနောက်ခံလူ မိုင်ကွန်အား

စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ကလပ်အသင်း ဥက္ကဌ ဖလော်ရင်တီနို ပီရက်စ်သည် ၎င်း၏အသင်း ခံစစ်ကြောင်းတွင် အင်အား ဖြည့်တင်းရန် အတွက် အသက် (၂၇)နှစ်အရွယ် စွယ်စုံရ ကစားသမား မိုင်ကွန်အား ခေါ်ယူဖွယ်ရှိ နေသည်ဟု စပိန် သတင်းများက ဆိုသည်။

မိုင်ကွန်သည် ခံစစ်ရော၊ တိုက်စစ်ပါ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး အင်တာ၏ အဓိက ကစား သမား တဦးလည်း ဖြစ်သည်။ ရီးရဲလ်သည် ယခင်ကလည်း မိုင်ကွန်အတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့ဖူး သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတကြိမ် ကစားသမား၏ အေးဂျင့်ဖြစ်သည့် အန်တိုနီယို ကာလီယန်ဒို ထံမှတဆင့် နောက်တကြိမ် ကြိုးစားလာဖွယ် ရှိနေသည်။

မိုင်ကွန်သည် အင်တာနှင့် (၂၀၁၂) အထိ စာချုပ်သက်တမ်း ရှိနေသော်လည်း ရီးရဲလ်က ဈေးကြီး ပေး ခေါ်ယူနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ မာကာ သတင်းဌာနကမူ ရီးရဲလ်သည် အင်တာနည်းပြ ဖြစ်သူ ဟိုဆေးမော်ရင်ညိုကို စာချုပ်နိုင်ခဲ့ပါက မိုင်ကွန်အား ခေါ်ယူ ရေးမှာ ပိုမိုလွယ်ကူ ချောမွေ့သွားဖွယ် ရှိနေကြောင်း သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here