Pirates of Caribbean ဇာတ်ကား သစ်တွင် မင်းသမီး ပင်နီလုပ် ခရုစ် ပါဝင် သရုပ် ဆောင်မည်

alt

အသစ် ရိုက်ကူးမည့် Pirates of Caribbean ဇာတ်ကားတွင် မင်းသမီး ပင်နီလုပ်ခရုစ် ပါဝင် သရုပ်ဆောင် မည်ဟု

ပရိုဂျူဆာက အတည်ပြု လိုက်သည်။

ဇာတ်ကား၏ ပရိုဂျူဆာဖြစ်သူ ဂျယ်ရီ ဘရုဟိုင်မာက Pirates of Caribbean 4 တွင် အော်စကာ ဆုရှင် မင်းသမီးမှာ ကက်ပတိန် ဂျက်စပဲရိုး စိတ်ဝင်စား ချစ်ကြိုက်နေသည့် အမျိုး သမီး နေရာမှ ပါဝင်လာမည်ဟု ပြောကြားသွား ခဲ့သည်။

ယင်းဇာတ်ကားတွင် ပင်လယ် ဓားပြကြီး စပဲရိုး အဖြစ် မင်းသား ဂျွန်နီဒိ(ပ်)ကပင် ဆက်လက် သရုပ်ဆောင်မည် ဖြစ်သော်​လည်း ယခင် ဇာတ်ကား (၃)ခုတွင် ၎င်းနှင့်ပူးတွဲ ပါဝင်ခဲ့သော မင်းသား အော်လန်ဒို ဘလွန်း နှင့် မင်းသမီး ကီရာ နိုက်တလီ တို့မှာ ဆက်လက် ပါဝင်တော့မည် မဟုတ်ချေ။

ဇာတ်ကားသစ်ကို Pirates of Caribbean: On Strange Tides ဟု အမည်ပေးထားပြီး ယခင် ဒါရိုက်တာ ဂေါဗာ​ ဘင်းစကီး အစား ရော့မာရှယ်က တာဝန်ယူ ရိုက်ကူး သွားမည် ဖြစ်သည်။ ယခု ဇာတ်ကားသစ်တွင် ယခင် ဇာတ်ကားများက ကပ္ပတိန် ဘာဘိုဆာ အဖြစ် ပါဝင်ခဲ့သူ ဂေါ်ဖရီရက်ရှ်လည်း ပြန်လည် ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

Pirates of Caribbean ဇာတ်လမ်းများသည် ကမ္ဘာ့ ရုပ်ရှင်လောကတွင် အအောင်မြင်ဆုံး ဇာတ်ကားများ အဖြစ် စာရင်း​ ပေါက်နေခဲ့ပြီး (၂၀၀၆) ခုနှစ်က ရုံတင်သည့် Pirates of Caribbean: Dead Man’s Chest ဇာတ်ကားမှာ ကမ္ဘာ အရပ်ရပ်မှ ရုံဝင်ကြေး တဘီလျံကျော် ရရှိသည်အထိ အောင်ပွဲ ခံနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here