အထီးကျန် ဆန်သူများ သွေးတိုး ရောဂါ ရတတ်

alt

အထီးကျန် ဆန်ခြင်းသည် အသက် အရွယ်ကြီးရင့် လာချိန်တွင် သွေးတိုး တတ်ခြင်းနှင့် ဆက်နွယ်နေ ကြောင်း အမေရိကန် သုတေသီ များက

ပြောကြားလိုက်သည်။

ချီကာဂို တက္ကသိုလ်မှ ဒေါက်တာ လူစီဟော်ကလီ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သုတေသီများက အထီးကျန် အဖော်မဲ့ခြင်းကြောင့် ဖြစ်ပေါ်လာ သည့် စိတ်ဖိစီးမှုနှင့် စိတ်အား လျော့မှုများသည် သွေးတိုးခြင်းနှင့် ဆက်နွယ်နေကြောင်း ထောက်ပြ ခဲ့သည်။

အထူးသဖြင့် ယင်း အခြေအနေသည် အသက် (၅၀)ကျော် သက်ကြီးပိုင်းတွင် သိသာထင်ရှားစွာ ပေါ်ထွက် လာတတ်ကြောင်း သိရှိရသည်။ အထီးကျန် ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ် အခြေ အနေနှင့် ကျန်းမာရေးအပေါ် ခြိမ်းခြောက် လာမှုတို့ကြား စပ်ယှက်နေမှုကို မိမိတို့ လေ့လာ တွေ့ရှိ ခဲ့ကြောင်း ဒေါက်တာ ဟော်ကလီက ဆိုသည်။

အမေရိကန် သုတေသီများသည် အသက်(၅၀)မှ (၆၈)နှစ်ကြား သက်ကြီးပိုင်းပုဂ္ဂိုလ် (၂၂၉)ဦးအား လေ့လာမှုများ ပြုလုပ် ပြီး ယခု တွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ အထီးကျန်သော အနေအထားသည် စိုးရိမ်ပူပင်မှုနှင့် ညဖက် အိပ်မရ သော အနေအထားများကို ဖြစ်ပေါ်စေကြောင်း၊ ယင်းသည် သွေးတိုး ဝေဒနာကို ပိုမိုဆိုးရွား လာစေနိုင်ကြောင်းလည်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here