Google ထွက်ခွာမှုအား တရုတ် အစိုးရ မီဒီယာများ ပြစ်တင် ပြောကြား

alt

တရုတ် အစိုးရပိုင် သတင်း မီဒီယာများက Google အနေနှင့် ၎င်းတို့ နိုင်ငံအတွင်းမှ လုပ်ငန်းများ ရုတ်သိမ်း သွားမှုသည် ကတိကဝတ်

ချိုးဖောက်မှုသာ ဖြစ်ပြီး လုံးဝ မှားယွင်းသော ပြုမူချက် အဖြစ် စွပ်စွဲလိုက်သည်။

ကမ္ဘာကျော် Search Engine ကုမ္ပဏီကြီးနှင့် တရုတ် အစိုးရတို့ကြား ပြီးခဲ့သည့် လပိုင်းများ ကတည်းက တင်းမာမှုများ ရှိနေခဲ့ပြီးနောက် Google သည် တရုတ်ဘာသာ အသုံးပြု Search Engine ဖြစ်သော Google.cn ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း မတ်(၂၃)ရက် နေ့က အတည်ပြု ကြေညာခဲ့ရာ တရုတ်ပိုင် Xinhua သတင်း အေဂျင်စီက ယခုလို စွပ်စွဲဖော်ပြ လိုက်ခြင်းဖြစ်သည်။

Google.cn သို့ ဝင်ရောက်ကာ တရုတ်ဘာသာဖြင့် Google အား သုံးစွဲလိုသူတိုင်း အတွက် ဟောင်ကောင် အခြေစိုက် Google.com.hk သို့ ဆာဗာ ပြောင်းလဲ ချိတ်ဆက် ပေးထားကြောင်း Google က ကြေညာထားခဲ့သည်။ Google နှင့် တရုတ် အစိုးရတို့သည် ဆင်ဆာ တည်းဖြတ်မှု ပြဿနာများနှင့် စပ်လျဉ်းပြီး ယခင်ကတည်းက တင်းမာမှုများ ရှိခဲ့သည်။ ထို့အပြင် ဇန်နဝါရီလက Google အား တရုတ်နိုင်ငံမှဟု ယူဆရသော Hacker များက ထိုးဖောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွား လာခဲ့သည်။

Xinhua ကမူ Google သည် အစိုးရနှင့် အပြန်အလှန် ထားရှိသော သဘောတူညီမှု ကတိကဝတ်များကို ချိုးဖောက်သွား ခြင်း ဖြစ်ကြောင်း ပြစ်တင် ရေးသားထားသည်။ ယခု ကိစ္စသည် ဆိုးဆိုးရွားရွား မှားယွင်းနေကြောင်း၊ Google အနေနှင့် သဘောတူညီ ထားမှုများကို ဖောက်ဖျက်ကာ ကြောင်းကျိုးဆီလျော်မှု မရှိသော ကိစ္စများ ဖန်တီးခဲ့ကြောင်း Xinhua က ဖော်ပြခဲ့သည်။ ကမ္ဘာ့ အကြီးဆုံး Search Engine ကြီး Google သည် ယခင် ကတည်းက တရုတ်ပြည်တွင်မူ လူသုံးများမှု ဒုတိယ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး Baidu က Google ၏အထက်တွင် တရုတ်၏ လူသုံးအများဆုံး Search Engine အဖြစ် ရပ်တည်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here