မိခင်ဖြစ်သူ ကလေးမွေးဖွားဖို့ အတွက် ကူညီခဲ့ကြသည့် ကလေးငယ်နှစ်ဦး

alt

အမေရိကန်မှ ကလေးငယ် နှစ်ဦးသည် ယခုအခါ သူရဲကောင်း လေးများ အဖြစ် ချီးကျူး ခံနေရပြီ ဖြစ်သည်။

အသက် (၉)နှစ်အရွယ် ချာတိတ်လေးနှင့် ၎င်းထက် (၂)နှစ်ပိုကြီးသော အစ်မတို့သည် ကလေးမွေး ရန် အခက်ကြံုနေသည့် မိခင်အတွက် ဆေးရုံကား ရရှိ ရန် ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့၏ မောင်ငယ် အား လူ့လောကထဲ ချောမောစွာ ရောက်ရှိစေ ခဲ့သည်။

ဂျာဘာရီဆန်ဒါး နှင့် ဖေ့ဆန်းဒါး တို့သည် ပြီးခဲ့သည့် သီတင်းပါတ်က မိခင်ဖြစ်သူ အချိန် မတန်ဘဲ နေအိမ်တွင် ကလေး မွေးဖွားသည့် အခါ 911 သို့ ချက်ချင်း ဖုန်းခေါ်ပေးခဲ့ကြသည်။ မိခင်ဖြစ်သူ သည် ခန္ဓာကိုယ် တခုလုံး သွေးအလူးလူးနှင့် အော်ဟစ်နေကြောင်း၊ ထို့နောက် ကလေး မွေးတော့ မည်ကို သတိထား မိပြီးနောက် ဆေးရုံကား တစင်းရရန် 911 သို့ ဖုန်းခေါ်လိုက်ကြောင်း ဂျာဘရီက ရှင်းပြခဲ့သည်။

911 မှ ကလေးများ၏ ဖုန်းခေါ်မှုကို ရရှိပြီးသည်နှင့် အရေးပေါ် ကားတစင်း လွှတ်ပေး လိုက်တော့သည်။ ဆေးဝန်ထမ်း များသည် ထိုအိမ်သို့ ရောက်ရှိသွားပြီးနောက် ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အလန်နာဆန်ဒါး အား ယင်း နေရာတွင်ပင် မီးဖွား ပေးလိုက်ရသည်။ ကယ်လီဖိုးနီးယားရှိ ဖရီးမောင့်တွင် နေထိုင်သော ကလေးနှစ်ဦးမှာ ယင်း လုပ်ရပ်ကြောင့် ခေါင်း အေးအေး ဆုံးဖြတ်နိုင်ပြီး သတ္တိကောင်းသူ များအဖြစ် ချီးကျူးခံနေရခြင်း ဖြစ်သည်။

မောင်ဖြစ်သူ၏ ခန္ဓာကိုယ်မှ သွေးများကို သုတ်သင် သန့်စင်ပေးခဲ့သည့် ဖေ့က သူမသည် 911 မှ Operator ၏ ညွှန်ကြားမှု များ အတိုင်း မိခင်ကို ရှေးဦးသူနာပြု နည်းလမ်း ဖြင့် ပြုစုထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ကလေး (၃)ဦး၏ ဖခင်ဖြစ်လာသူ ဂေါ်ဖရီဆန်းဒါးက ထိုကဲ့သို့ သားနှင့်သမီး၏ ဖခင်ဖြစ်ခွင့် ရခြင်းအပေါ် အလွန် ဂုဏ်ယူမိကြောင်း၊ ၎င်းတို့သည် မိမိနေအိမ်တွင် မရှိသော်လည်း အခက်ခဲဆုံးအချိန်ကို အမှန်ကန်ဆုံး ကျော်ဖြတ် နိုင်ခဲ့ကြောင်း ချီးကျူးပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here