သားသမီး မရနိုင်သည့် အမျိုးသားများ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေများ

alt

အသက် ငယ်ရွယ်သည့် အချိန် ကတည်းက သားသမီး မရနိုင်တော့ဘဲ မြုံနေသည့် အမျိုးသားများမှာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ

သာမန်ထက် (၅၀) ရာခိုင်နှုန်း ပိုများနေတတ်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။

ငယ်ရွယ် သန်စွမ်းသော အမျိုးသား (၂၀၀၀၀)ကျော်တို့၏ ဆေးဖက်ဆိုင်ရာ မှတ်တမ်းများအား လေ့လာပြီးနောက် အမေရိကန် ပညာရှင်များက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယင်းတို့၏ အဆိုအရ သုက်သွေး ထုတ်လွှတ်မှု အားနည်းခြင်းသည် ကင်ဆာ ဖြစ်နိုင်ခြေနှင့် တိုက်ရိုက်ဆက်စပ် နေတတ်ပြီး မြံုနေသော အမျိုးသား များသည် ကင်ဆာ ဖြစ်နိုင်ရန် ပိုမိုနီးစပ်ကြောင်း သိရှိရသည်။

ဆီးကြိတ် ကင်ဆာသည် အမေရိကန်တွင် အမျိုးသားများ၌ အဖြစ်အများဆုံး ကင်ဆာ ရောဂါဖြစ်ပြီး နှစ်စဉ် အမျိုးသား (၁၀၀၀၀)ကျော် သေကြေနေသဖြင့် အဆုတ် ကင်ဆာပြီးနောက် သေနှုန်းအမြင့် ဆုံး ကင်ဆာ အမျိုးအစားလည်း ဖြစ်နေသည်။ ပညာရှင်များက အမေရိကန် အမျိုးသား (၂၂၀၀၀)ခန့်ကို လေ့လာပြီးနောက် မြံုနေသော အမျိုးသား များသည် ဆီးကြိတ် ကင်ဆာ အဖြစ်များသလို ဖြစ်လာသည့် အခါလည်း ကုသရန် ခက်ခဲသည့် အနေအထားမျိုး ကြံုရမှုမှာ သာမန်ထက် (၂.၆)ဆ ပိုမြင့်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန် တက္ကသိုလ်မှ သုတေသီအဖွဲ့၏ ယခုစစ်တမ်းအား ဖော်ထုတ်တွေ့ရှိကာ Cancer ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် ယခင်ကလည်း သမီး မွေးထားသော ဖခင်များသည် သားရှိသော ဖခင်များထက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားကြောင်း ဖော်ထုတ်ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here