မတ်၂၇ရက် Earth Hour လှုပ်ရှားမှု ယူကရိန်း ပါဝင်ရေး စည်းရုံးမှုပြုလုပ်

alt

Earth Hour လှုပ်ရှားမှုတွင် ယူကရိန်း နိုင်ငံသားများ ပူးပေါင်း ပါဝင်ရေးအတွက် ကမ္ဘာ့သားရဲ တိရိစ္ဆာန် ရံပုံငွေအဖွဲ့

(WWF) နှင့် ယူကရိန်းမှ Celebrity များက စည်းရုံးမှု ပြုလုပ်လျက် ရှိကြသည်။

Earth Hour လှုပ်ရှားမှုတွင် ပါဝင်သော ကမ္ဘာ့နိုင်ငံများမှ မြို့ကြီးများတွင် မတ်လ (၂၇)ရက်နေ့ ညပိုင်း၌ တနာရီကြာ လျှပ်စစ်မီး အမှောင်ချထားမည် ဖြစ်သည်။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု တခုဖြစ်သော Earth Hour ကို (၂၀၀၇)ခုနှစ်က ဩစတြေးလျတွင် စတင်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၂.၂)သန်းသည် မိမိတို့၏ နေအိမ်နှင့် ရုံးခန်းများကို မီးမှောင် ချထားခဲ့သည်။

နောက်ပိုင်းတွင် နှစ်စဉ် မတ်လ (၂၇)ရက်နေ့၌ ပြုလုပ်သော လှုပ်ရှားမှုသည် ပိုမို ကျယ်ပြန့်လာပြီး ယမန်နှစ် ကမူ နိုင်ငံပေါင်း (၈၈)ခုမှ လူသန်းပေါင်း ရာနှင့်ချီကာ ပါဝင် လှုပ်ရှားကြသည်။ ယခု နှစ်တွင်မူ နိုင်ငံပေါင်း (၁၁၀)မှ လူအများအပြား ပါဝင်ကြမည်ဟု WWF က မျှော်လင့်ထားသည်။ ယင်း လှုပ်ရှားမှုမှာ လူအများ စွမ်းအင်သုံးစွဲမှုကြောင့် ကမ္ဘာကြီး ပူနွေး ဖောက်ပြန် လာခြင်းကို ကမ္ဘာ့ပြည်သူများ သတိပြုမိစေရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here