ဖရီဒါပင်တို ဂျိမ်းစ်ဘွန်း မင်းသမီး ဖြစ်လာနိုင်

alt

ဖရီဒါပင်တို အနေနှင့် ဂျိမ်းစဘွန်း မင်းသမီးတဦး ဖြစ်လာနိုင်ကြောင်း ဗြိတိန် သတင်းစာများက ဆိုသည်။

(၂၀၀၈) ခုနှစ်က အော်စကာ ဆုနှင်းသဘင်တွင် အကြီးအကျယ် အောင်ပွဲဆင်ခဲ့သည့် Slumdog Millionaire ဇာတ်ကားနှင့်အတူ ဟောလီးဝုဒ်တွင်ပါ ကျော်ကြားလာသည့် အိန္ဒိယဖွား မင်းသမီး သည် ဒါရိုက်တာ ဆမ်မန်းဒက် တာဝန်ယူဖွယ် ရှိနေသော လာမည့် ဂျိမ်းစဘွန်း ဇာတ်ကားသစ်တွင် ခေါင်းဆောင် မင်းသမီး ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

ဗြိတိသျှ စပိုင်ကြီး၏ (၂၃)ခုမြောက် စွန့်စားခန်း အက်ရှင် ဇာတ်လမ်းတွင် မင်းသားအဖြစ် ဒင်နီရယ် ကရိတ်ကပင် ဆက်လက်၍ မင်းသားလုပ်ခွင့် လိုင်စင်ရယူဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဖရီဒါ သည် မူလက ယင်း ကိစ္စအပေါ် စိတ်မဝင်စားခဲ့သော်လည်း ယခုအခါ ဒါရိုက်တာ မန်းဒက်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရှိရသည်။

ဇာတ်ကားသစ်အတွက် ဇာတ်ညွှန်းအား Queen ကို ဖန်တီးသူ ပီတာမော်ဂန် ကပင် တာဝန်ယူမည် ဖြစ်သည်။ မော်ဂန်က လာမည့် ဂျိမ်းစဘွန်း ဇာတ်ကားသစ်တွင် ဖရီဒါပါ ပေါင်းစပ်လိုက်ပါက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည် ဖြစ်ကြောင်း ယေဘူယျ သုံးသပ်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here