NLD​​ မှ​​ ​န​.အ.​ဖ​ အား​ တ​ရား​စွဲ​မည့်​ သတင်း ဓါတ်ပုံမှားသည့် The straits times​

alt

မြန်​မာ​ ​စစ်​အ​စိုး​ရ​ (SPDC)​ ​အား​ ​အ​မျိုး​သား​ဒီ​မို​က​ရေစီ​အ​ဖွဲ့​ချုပ်​ (NLD)​ ​မှ​ ဒီ​က​နေ့တွင်​ ​လူ့​အ​ခွင့်​အ​ရေး​နှင့်​ ​အ​ဖွဲ့​အ​စည်း​များ​ဆိုင်​ရာ​ ​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​သည့်​ အ​တွက်​

​တ​ရား​စွဲ​မှု​ ရှိမည်ဟု​ပါ​ရှိ​သည့်​ သ​တင်း​တွင်​ ​မြန်​မာ​စစ်​အ​စိုး​ရ​ ​အတိုက်အ​ခံ​ ပါ​တီ​ကြီး​ဖြစ်​သည့်​ အ​မျိုးသား​ ဒီ​မို​က​ရေစီ​ အ​ဖွဲ့​ချုပ်​ (NLD)​ ​မှ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ ဖြစ်သည့်​ ​ရှေ့​နေ​ကြီး​ ဦးဉာဏ်​ဝင်း​အစား ​မြန်​မာ​ စစ်​အ​စိုးရ​ ​နိုင်ငံ​ခြား​ရေး​ ဝန်​ကြီး​ ဦးဉာဏ်ဝင်း​​၏ ဓါတ်ပုံကို  စင်​ကာ​ပူ​ အ​ခြေ​စိုက်​  The straitstimes​ က​ မှား​ယွင်း​ ဖေါ်​ပြ​ခဲ့​သည်​။

အ​ဆို​ပါ​ ​သ​တင်း​တွင်​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ ဦး​ဆောင်​သည့်​ နိုင်ငံ​ရေး​ပါ​တီ​မှ​ မြန်​မာ​ ​စစ်​အ​စိုး​ရ​ (SPDC)​ ​က​ ​ယ​ခု​လ​အ​စော​ပိုင်း​ ထုတ်​ပြန်​ထား​သည့်​ ​ရွေး​ကောက်​ပွဲ​ဆို​င်ရာ​ ဥ​ပ​ဒေ​များ​တွင်​ ​ပါ​ဝင်​သည့်​ ​အ​ချို့​​ အ​ချက်​အ​လက်​များ​သည်​ ​လူ​တ​ဦး​ခြင်း​စီ​၏​ ​အ​ခွင့်​အ​ရေး​နှင့်​ ​အ​ဖွဲ့​အ​စည်း​ဆိုင်​ရာ​ ​အ​ခွင့်​အ​ရေး​များ​အား​ တ​ရားမျှ​တ​ခြင်း​ မ​ရှိ​ဘဲ​ ​ဥ​ပ​ဒေ ချိုး​ဖောက်သည်​ဟု​ ​ယူ​ဆ​သည့်​ အ​တွက်​ ​ ​တ​ရား​စွဲ​ဆို​ရန်​ ​စီ​စဥ်​ခြင်း​​ ဖြစ်​ကြောင်း​​ ပါ​ရှိ​သည်​။​

NLD ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခု ပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲ ဥပဒေ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အဲဒီ ဥပဒေတွေ ဖော်ပြထားတဲ့ အချက်တွေဟာ မျှတမှုမရှိတဲ့ အတွက်ကြောင့်၊ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အတွက်ကြောင့် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ နဲ့ ဗဟို တရားရုံးမှာ ဦးတိုက် လျှောက်မှာပေါ့ဗျာ” ဟု ​ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၇ ဦး တက်ရောက်သည့် မ​နေ့​က​ကျင်း​ပ​သော​ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့အစည်းအဝေးတွင် စစ်အစိုးရထံသို့​ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ တွေ့ဆုံခွင့်ပြုရန် ဟူသော ထပ်မံ တောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်း ထုတ်ပြန်ထား​ခဲ့​ပြီး ဖြစ်သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here