ကဒါဖီ၏ ဝေဖန်မှုကြောင့် လစ်ဗျားဆိုင်ရာ သံအမတ်အား နိုက်ဂျီးရီးယား ပြန်လည်ခေါ်ယူ

alt

လစ်ဗျားခေါင်းဆောင် မူမာကဒါဖီ၏ စည်းလွတ် ဝါးလွတ်ဖြင့် ဝေဖန် ပြောဆိုမှုကို ဆန့်ကျင်သည့် အနေနှင့် နိုက်ဂျီးရီးယားက

လစ်ဗျားဆိုင်ရာ ၎င်းတို့၏ သံအမတ်အား ပြန်ခေါ်လိုက်ပြီ ဖြစ်သည်။

နိုက်ဂျီးရီးယားတွင် ဖြစ်ပွားခဲ့သော မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာဝင်များကြား သတ်ဖြတ်မှုများ အတွက် အကောင်းဆုံး နည်းလမ်းမှာ နိုက်ဂျီးရီးယားကို နှစ်နိုင်ငံ ခွဲလိုက်ရန်ပင် ဖြစ်ကြောင်း ကဒါဖီ က ပြောကြား လိုက်ပြီးနောက် မတ်လ (၁၉)ရက်နေ့တွင် နိုက်ဂျီးရီးယား အစိုးရက သံအမတ်ကြီး အစ်ဆာအလီ ယူမိုဟာမက်ကို ပြန်ခေါ်လိုက်ပြီ ဖြစ်သည်။

မိမိတို့ အစိုးရအနေနှင့် လစ်ဗျား ခေါင်းဆောင်၏ စကားလုံးများအား လုံးဝ လက်မခံနိုင်ကြောင်း နိုက်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ နိုက်ဂျီးရီးယား လွှတ်တော်အမတ် ဒေးဗစ် မတ်ကလည်း ကဒါဖီသည် ယခင် ကတည်းက စည်းလွတ် ဝါးလွတ် စကားများ ပြောဆိုတတ်သူ တဦးသာဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

နိုက်ဂျီးရီးယား အစိုးရသည် ကဒါဖီ၏ နိုက်ဂျီးရီးယားကို နှစ်နိုင်ငံ ခွဲသင့်ကြောင်း ပြောဆိုမှုအား တစုံ တရာ အရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂသို့လည်း တိုင်ကြားသွားရန် စဉ်းစားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here