ဒေးဗစ်ဗီလာအား ပေါင်စတာလင် ၃၅သန်းဖြင့် မန်ယူ ခေါ်ယူမည်ဟု ဆို

alt

ဗြိတိန် သတင်းဌာနများ၏ အဆိုအရ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အင်္ဂလန် ချန်ပီ ယံ မန်ချက်စတာ ယူနိုက်တက်

အသင်းသည် စပိန် လက်ရွေးစင် ဒေးဗစ်ဗီလာ အတွက် ကြီးကြီးမားမား ကမ်းလှမ်းမှုတခု ပြုလုပ် သွားဖွယ် ရှိကြောင်း သိရှိရသည်။

ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ်နေသော အသင်းသည် စပိန်ကလပ် ဗလန်စီယာမှ တိုက်စစ်မှူး အတွက် ပေါင်စတာလင် (၃၅)သန်း ပေးသွားမည်ဟု သတင်းများက ဆိုသည်။ အသက် (၂၈)နှစ် အရွယ် ဗီလာအား ယူနိုက်တက်၏ ပြိုင်ဖက်ဖြစ်သည့် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပြီး အခြား အင်္ဂလန် ထိပ်သီးများဖြစ်သည့် မန်ချက်စတာ စီးတီး၊ အာဆင်နယ် နှင့် လီဗာပူး တို့ကလည်း စောင့်ကြည့် နေကြသည်။

ယခုနှစ် အတွင်း (၃၄)ပွဲ ကစားကာ (၂၂)ဂိုး သွင်းထားသည့် ဗီလာ ကိုယ်တိုင်ကမူ ယူနိုက်တက်ကို သဘောကျကြောင်း ဝန်ခံ ထားဖူးသည်။ ဗီလာသည် လက်ရှိကမ္ဘာ့ အကောင်းဆုံး ကစားသမား (၃)ဦး အဖြစ် သတ်မှတ် ခံထားရသည့် ခရစ်စတီယာနို ရော်နာဒို၊ လီယွန်နယ် မက်ဆီနှင့် ဝိန်းရူနီတို့ကဲ့သို့ ထူးချွန်သူ တဦးဖြစ်ရာ ၎င်းအား ဥရောပထိပ်သီး အသင်းများစွာက မျက်စိကျနေခြင်း ဖြစ်သည်။

ဗီလာသည် (၂၀၀၅) ခုနှစ်က ရီးရဲလ် ဇာရာဂိုဇာမှ ဗလန်စီယာသို့ ရောက်ရှိ လာပြီးနောက် ဥရောပ နာမည်ကျော် အသင်းတိုင်းက မျက်စိ ဒေါက်ထောက် စောင့်ကြည့်ခံသူ ဖြစ် လာခဲ့ပြီး (၂၀၀၈)ခုနှစ် ဥရောပဖလားကို စပိန်အသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့ပြီးနောက် ဗလန်စီယာက ခေါ်ဈေးကို ကြီးကြီးမားမား မြှင့်တင် ထားလိုက်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here