ဒါဖေါ စစ်ဘေးဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ရံပုံငွေ ကွန်ဖရင့်ကျင်းပ

alt

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်တွင် ကျင်းပပြုလုပ်သည့် ဒါဖော စစ်ဘေးဒုက္ခသည်များ ကူညီ စောင့် ရှောက်ရေး ရံပုံငွေ ကွန်ဖရင့်တွင်

စုစုပေါင်း အမေရိကန် ဒေါ်လာ (၈၄၁)သန်း ရရှိထားပြီဟု ကြေညာခဲ့သည်။

ဆူဒန်၏ နိုင်ငံရေး အရှုပ်အထွေး များကြောင့် အိုးအိမ်ကို စွန့်ခွာပြီး ဒါဖောဒေသရှိ ဒုက္ခသည် စခန်း များတွင် လာရောက် သောင်တင်နေသူ နှစ်သန်းခန့်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ မတ်လ (၂၁)ရက်နေ့ ကွန်ဖရင့်သို့ ကမ္ဘာ အရပ်ရပ်မှ မွတ်ဆလင် တိုင်းပြည်များ အပြင် ကုလသမဂ္ဂ၊ ဥရောပယူနီယံနှင့် အမေရိကန်မှ ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့သည်။

အစည်းအဝေးအား ဦးစီး ကျင်းပပေးသည့် နိုင်ငံတခုဖြစ်သော အီဂျစ်မှ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ အာမက်အာဘူဂီအီးက အဓိက ငွေကြေးများ အဖြစ် မွတ်ဆလင် ဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာ (၃၅၅) သန်း၊ ကာတာမှ သန်း(၂၀၀)၊ ဥရောပ ယူနီယံမှ (၉၅)သန်း၊ တူရကီမှ သန်း(၇၀)၊ အယ်ဂျီးရီးယားမှာ (၁၀)သန်းနှင့် ဘယ်ဂျီယမ်မှ (၅)သန်းတို့ကို ရရှိထားကြောင်း အတည်ပြု ခဲ့သည်။

ယခု အစည်းအဝေးကို အီဂျစ်နှင့်အတူ မွတ်ဆလင် ကွန်ဖရင့် အဖွဲ့ကြီးမှ တူရကီ၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဆူဒန်တို့ကပါ ပူးပေါင်းဦးစီး ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆူဒန် တွင် (၂၀၀၃)ခုနှစ် ပြည်တွင်းစစ် စတင်ပြီးနောက် အနည်းဆုံး လူပေါင်း သုံးသိန်းမျှ သေကြေခဲ့ပြီး ဖြစ်သည်။

အာဘူဂီအီးက လာမည့် လအတွင်း ကျင်းပမည့် ဆူဒန် ရွေးကောက်ပွဲသည် တိုင်းပြည်၏ စစ်မှန်သော ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်ပြီး စစ်ဘေး ဒုက္ခသည်များကို မိမိ ရပ်ရွာသို့ ပြန်လည် ပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here