အစ္စရေး-ပါလက်စတိုင်း အရေး ဟီလာရီ ကလင်တန် သုံးသပ်

alt

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အစ္စရေး နိုင်ငံသည် ရွေးချယ်ရန် ခက်ခဲ သော လမ်းပေါ်သို့ ရောက်နေပြီဟု

မှတ်ချက် ပြုလိုက်သည်။

ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် အစ္စရေးအနေနှင့် ခက်ခဲ သည့်လမ်း ဖြစ်သော်လည်း တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရမည်သာဖြစ်ကြောင်း ဟီလာရီက ဆို သည်။ ထို့အပြင် အစ္စရေးအား လိုလားသည့် Aipac အဖွဲ့၏ လှုပ်ရှားမှုများကိုလည်း ဟီလာရီက သတိပေးခဲ့ပြီး အရှေ့အလယ်ပိုင်း၏ ငြိမ်းချမ်းရေးကို မထိခိုက် စေလိုကြောင်း ပြောကြားခဲ့သည်။

ဟီလာရီ၏ မှတ်ချက်များသည် ဂါဇာတွင် ဂျူး နေအိမ်စီမံကိန်း (၁၆၀၀)ကို တိုးမြှင့် ဆောက်လုပ် နေခြင်းကြောင့် အမေရိကန်နှင့် အစ္စရေးတို့ကြား အတန်ငယ် တင်းမာမှုများ ရှိနေစဉ် ထွက်ပေါ် လာခြင်း ဖြစ်သည်။ ဂျေရုဆလင် အရှေ့ပိုင်းတွင် ဂျူးနေအိမ်များ ဆက်လက်တိုးချဲ့မှုကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူ က ဆက်လက် ဆောင်ရွက်သွားမည်ဟု အတည်ပြု ထားပြီးနောက် မဟာမိတ်နိုင်ငံ နှစ်ခုကြား နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် အငြင်းပွားမှုများ ကြီးထွားလာခဲ့သည်။

အမေရိကန် အခြေစိုက် Aipac ၏ ဝါရှင်တန်မြို့ အစည်းအဝေး တခုသို့ ဟီလာရီက တက်ရောက်စဉ် အမေရိကန် သမ္မတ ဘာရက်အိုဘားမားသည် အစ္စရေး၏ ဆုံးဖြတ် ချက်များအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း ဟီလာရီက ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ၏ လုံခြံုရေးသည် နိုင်ငံရေး အနေအထား တခုထက် မိမိအတွက် ပို အရေးကြီးကြောင်း၊ သို့သော်လည်း မိမိအနေနှင့် လိုအပ်သော အခြေအနေတွင် အမှန်ကိုသာ တွေ့မြင်လိုကြောင်း၊ ဂျေရုဆလင် အရှေ့ပိုင်းမှ ဂျူးနေအိမ်များ ရုတ်သိမ်း ရေးသည် အရှေ့ အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်စေမည်ကို အစ္စရေးအနေနှင့် နားလည်မည်ဟု ယူဆကြောင်းနှင့် အစ္စရေးသည် ခက်ခဲသော်လည်း သင့်လျော်ညီညွတ်သော လမ်းကြောင်းတခုကို ရွေးချယ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဟီလာရီက ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here