၄၅နှစ်ကြာ ငှားရမ်းသွားသည့် စာကြည့်တိုက်မှ စာအုပ်

alt

ဗြိတိန် နိုင်ငံရှိ စာကြည့်တိုက် တခုမှ ငှားရမ်းသွားသော စာအုပ်တအုပ်သည် (၄၅)နှစ် အကြာတွင် စာကြည့်တိုက်သို့ ပြန်လည်ရောက်ရှိ

လာကြောင်း သိရှိရသည်။

နီဂယ်နီး ရေးသားသည့် Quatermass and the Pit စာအုပ်သည် (၁၉၆၅)ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့ ကတည်းက စာကြည့်တိုက်မှ ငှားရမ်းသွားခြင်း ဖြစ်သည်။

စာအုပ် လာပြန်အပ်သည်ကို လက်ခံရယူသည့် စာကြည့်တိုက် အမှုထမ်း အလီဆန်လော်ရီက မိမိသည် သမားရိုးကျ အခြေအနေမျိုးသာ ယူဆခဲ့ကြောင်း၊ သို့သော်လည်း စာအုပ်၏ အရောင်ကို ကြည့်မိပြီး မှ မည်သည့်နေ့က ငှားသွားသည်ကို ပြန်လည် ရှာဖွေမိကြောင်း၊ ယင်းစာအုပ်သည် စာရွက်များ ညိုနေ ကာ အနားများပင် ဖွာနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိအနေနှင့် အချို့သော စာဖတ်သူများသည် စာအုပ်ကောင်းများကို အချိန်ကြာကြာ ငှားရမ်းထား တတ်သည်ကို နားလည် ပေးနိုင်ကြောင်း၊ (၄၅)နှစ် ဆိုသော အချိန်မှာမူ ထူးထူးဆန်းဆန်း ကြာမြင့်လှကြောင်း အလီဆန်က ဆိုသည်။ ရှက်ဖီး၊ တောင်ယော့ရှိုင်းယားရှိ ဒင်နင် တမ် စာကြည့်တိုက်မှ ငှားသွားသော စာအုပ်မှာ ပြန်မရနိုင်တော့ဟု စာကြည့်တိုက် ဝန်ထမ်းများက မျှော်လင့်ထားခဲ့သည်။

၁၉၃၆ ဆောက်လုပ်ခဲ့သော ယင်း စာကြည့်တိုက် အဟောင်းကိုပင် (၂၀၀၀)ပြည့်နှစ်က ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ယခု စာကြည့်တိုက် အသစ်တွင် လာရောက်အပ်နှံသွား ထိုစာအုပ် အပ်နှံသူအား ဝန်ထမ်းများသည် မမှတ်မိလိုက်သလို စာအုပ် ငှားရမ်းသူအကြောင်း မှတ်တမ်းများ မကျန်တော့သဖြင့် ယခုကိစ္စမှာ လျှို့ဝှက်သော အနေအထားမျိုး ဖြစ်နေသည်။ အကယ်၍ ထိုသူကိုသာ ဖော်ထုတ်နိုင်မည် ဆိုပါက ယင်းပုဂ္ဂိုလ်သည် ရက်လွန်ကြေး အဖြစ် ဒဏ်ငွေစုစုပေါင်း (၆)ပေါင်မျှ ပေးဆောင်ရမည် ဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here