ဆေးပညာ စမ်းသပ်ချက်တွင် Gay များပါဝင်မှု ပညာရှင်အချို့ မလိုလား

alt

လေ့လာမှုများ အရ ဆေးပညာ ဆိုင်ရာ စမ်းသပ်ချက် များတွင် အချို့သော ပညာရှင်များသည် Gay များကို အလိုမရှိကြောင်း သိရှိရသည်။

ကင်ဆာ ရောဂါကဲ့သို့ လေ့လာမှုများ ပြုလုပ်ရာတွင် Gay များက စေတနာ့ ဝန်ထမ်း ပါဝင်နေမှုကို ဆရာဝန်များက မနှစ်ခြိုက်တတ်ဟု အမေရိကန် နိုင်ငံ၊ ဖီလာဒဲဖီးယားရှိ Fox Chase ကင်ဆာ စင်တာမှ ထုတ်ဝေသည့် New England ဆေး ပညာဂျာနယ်တွင် ဖော်ပြထားသည်။

ဆရာဝန် အများစုသည် မိမိတို့အား စေတနာအလျှောက် အစမ်းသပ်ခံ ကူညီသူများအား လိင်တူချင်း စိတ်ဝင်စားသူများ မဖြစ်စေချင်ကြောင်း ယင်းဂျာနယ်တွင် ဖော်ပြထားသည်။ အထူးသဖြင့် HIV ဆိုင်ရာ စမ်းသပ်မှုမျိုး ပြုလုပ်သည့်အခါ လိင်တူ ဆက်ဆံသူများထက် ပုံမှန် လိင်ဆက်ဆံမှု ပြုလုပ်သော သူများကိုသာ ဆရာဝန်များက အလိုရှိကြသည်။

ထို့အပြင် လိင်နှင့်ဆိုင်သော စိတ်ဖိစီးမှု၊ ဆီးချိုစသည့် ရောဂါများကို လေ့လာရာတွင်လည်း Gay များကို ဆရာဝန်များက အလိုမရှိကြဟု သိရှိရသည်။ ယင်းကို လိင်ခွဲခြားမှု တခုဟု ယူဆရန် ခက်ခဲ့ကြောင်း Fox Chase မှ ဒေါက်တာ ရိုလန်ဒန် ဘရက် က ပြောကြားခဲ့သည်။ အများအားဖြင့် ဆေးပညာ စမ်းသပ်မှုများသည် သဘာဝကို အခြေခံ လေ့လာကောက်ချက် ဆွဲရသဖြင့် သဘာဝဆန်သော လိင် ဆက်ဆံသူများကိုသာ ဆရာဝန်များက လေ့လာလိုကြကြောင်း ဒေါက်တာရိုလန်က မှတ်ချက် ပြုခဲ့သည်။ အမေရိကန် တွင် ဆေးပညာဆိုင်ရာ လေ့လာမှုများ အတွက် ပါဝင်ကူညီ ဆောင်ရွက်ကြသူ စုစုပေါင်း၏ (၄) ရာခိုင်နှုန်းသည် Gay များဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here