မော်တော်ကား မောင်းသည့် အသက်ငါးနှစ် အရွယ် ကလေးငယ်

alt

ဗြိတိန် ရဲတပ်ဖွဲ့က အသက် (၅)နှစ် အရွယ် ကလေးတဦးသည် ၎င်း၏ ဖခင်ပိုင်သော မော်တော် ကားတစင်း အား (၄)မိုင် အကွာထိ မောင်းသွား ခဲ့ကြောင်း

ထုတ်ဖော် ပြောကြားခဲ့သည်။

မတ်လ (၁၈)ရက်နေ့က စိုးရိမ် ပူပန်နေသော ယာဉ်မောင်းများသည် နံနက် စောစောပိုင်း မောင်းနှင် သွားသည့် Mitsubishi Shogun အမျိုးအစား 4WD မော်တော်ကားနောက် လိုက် ကြည့်နေခဲ့ ကြရသည်။ ချီချက်စတာရှိ အဆိုပါ မော်တော်ကားလေးသည် ခပ်ဖြေးဖြေး အရှိန်ဖြင့် အုတ်တံတိုင်း တခုကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ရဲများက နာမည်ဖော်ပြခြင်း မရှိသော ကလေးငယ်သည် တနာရီ (၁၀)မိုင် အောက်နှုန်းဖြင့် အုတ်နံရံကို တိုက်မိခဲ့ခြင်းဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ချီချက်စတာရှိ လာဗင်တန် ကျေးရွာလေးတွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှုအပြီး ကလေးငယ် အား အနီးရှိ ဆေးရုံတခုသို့ ပို့ဆောင်ခဲ့ကြသော်လည်း ဆရာဝန် များက ၎င်းတွင် ဒဏ်ရာ တစုံတရာ မရရှိခဲ့ဟု အတည်ပြု ပေးခဲ့သည်။

ရဲများက နောက်ပိုင်းတွင် ကလေးအား မိသားစုထံ ပြန်လည်အပ်နှံခဲ့ပြီး ကလေး၏ ဖခင်အား တစုံတရာ အရေးယူမည် မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ အလားတူ ခလေးငယ်များ မိဘအလစ်တွင် ကားတက်မောင်းသည့် အဖြစ် ပျက်မျိုး အမေရိကန် နိုင်ငံ တွင်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here