မိချောင်း ကိုက်ခံရသည့် ဩစတြေးလျသား တံငါသည် ကိုသက်ပြင်း ဒဏ်ရာများမှ သက်သာလာ

alt

ဩစတြေးလျ နိုင်ငံမြောက်ပိုင်းရှိ မိကျောင်း ကိုက်ခံရသူ တံငါသည် တဦးမှာ ယခုအခါ ဆိုးဆိုးရွားရွား ဒဏ်ရာများမှ သက်သာလာပြီဟု သိရှိရသည်။

ရဲများက အမည်ဖော်ပြခြင်း မရှိသော ယင်း အမျိုးသားသည် (၉)ပေနှင့် (၈)လက်မ အရှည် ရှိသော ရေငန် မိကျောင်းကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အသက် (၄၅)နှစ်ရှိ ယင်းပုဂ္ဂိုလ်သည် ကူဘော့ ရေလက်ကြား တွင် ငါးဖမ်းလှေကို မောင်းနှင်လာစဉ် ကြောက် မက်ဖွယ်ရာ သားစား သတ္တဝါကြီးနှင့် ရင်ဆိုင်ခဲ့ရ ခြင်း ဖြစ်သည်။

၎င်းသည် မိကျောင်းကြီးက ကိုက်ဆွဲချသွားမှု ခံရချိန်တွင် အပြင်းအထန် ရုန်းကန်ပြီးနောက် အသက် ဘေးမှ လွတ်မြောက် လာခဲ့သည်။ သို့သော်လည်း ယင်း၏ ဦးခေါင်း၊ လည်ပင်း၊ ပခုံးနှင့် လက်မောင်း များတွင် မိကျောင်း အကိုက်ခံရသဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရခဲ့သည်။

ရေငန် မိကျောင်းများသည် ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး သက်ရှိမျိုးစိတ် တခုအဖြစ် သတ်မှတ် ခံထားရပြီး ၎င်းတို့ ထက် အင်အားကြီးမားသော သက်ရှိများကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ပီတာဖစ်ဂါရယ်က မိကျောင်းပါးစပ်မှ လွတ်မြောက် လာသည့် ယင်းပုဂ္ဂိုလ်အား လှေပေါ်ရှိ အခြား လူတဦးက ဆွဲတင်ခဲ့ပြီးနောက် သေဘေးမှ လွတ်ခဲ့ကြောင်း ပြောကြားသွားသည်။ ယခုအခါ ၎င်း၏ အခြေအနေ တည်ငြိမ်နေပြီး အရေးပေါ် ခွဲစိတ်မှုများ မလိုအပ် တော့ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here