ကေတီပရိုက် နှင့် အဲလက်ရိဒ်တို့ ကလေးယူရန် စီစဉ်နေ

alt

ဗြိတိသျှ မော်ဒယ် ကေတီပရိုက်က သူမနှင့်ချစ်သူ အဲလက်ရိဒ် တို့သည် ကလေးယူရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။

ဗြိတိန်၏ လူစိတ်ဝင်စားမှု အခံရဆုံး Celebrity တဦးဖြစ်သည့် ကေတီသည် ပြီးခဲ့သည့် လကမှ လတ်(စ်) ဗီးဂတ်(စ်)တွင် Cage Fighter စတား အဲလက်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ယခင် အိမ်ထောင်များနှင့် ကလေး(၃)ဦး ရှိခဲ့ပြီးဖြစ်သည့် ကေတီက မိမိရော အဲလက်ပါ ကလေး လိုချင်နေ ကြောင်း၊ ပိုမိုကောင်းမွန် သာယာသည့် မိသားစု ဘဝလေးကို ထူထောင်လိုကြောင်း ပြောကြားခဲ့ သည်။

ထို့အပြင် သူမနှင့် အဲလက်တို့ကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည် ဆိုသော ကောလဟာလ များ ကိုလည်း အသက် (၃၇)နှစ် အရွယ် ကေတီက ပယ်ချလိုက်သည်။ This Morning ရုပ်မြင် သံကြား အစီအစဉ်တွင် ကေတီက မိမိတို့၏ အိမ်ထောင်ရေး သည် (၁၀၀)ရာခိုင်နှုန်း သာယာ နေကြောင်း၊ နောက်ထပ် သားသမီး ရလာပါက ပိုမိုစိုပြေလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း သူမရော၊ အဲလက်ပါ အလုပ် များလှသဖြင့် တွေ့ဆုံချိန် နည်းနေခြင်းကိုမူ စိတ်ပျက်မိ ကြောင်း ကေတီက ဝန်ခံခဲ့သည်။ သို့သော်လည်း သူမတို့နှစ်ဦး ကလေးယူမည့် အစီအစဉ်ကိုမူ မဖြစ်မနေ အကောင်အထည် ဖော်သွားမည် ဟု လည်း အတည်ပြု ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here