Google TV အစီအစဉ်များ နေအိမ် များတွင် မြင်တွေ့ လာရဖွယ် ရှိနေ

alt

Google က ၎င်းတို့၏ ရုပ်မြင်သံကြား အစီအစဉ်အဖြစ် Google TV ကို စတင်ရန် ကြံစည်နေကြောင်း သိရှိရ သည်။

ယင်း ကိစ္စအတွက် Google၊ Intel နှင့် Sony တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြပြီး နေအိမ်သုံး TV များသည် ကွန်ပျူတာ အကြီးစားများ အသွင် ဖြစ်လာမည်ဟု ဆိုသည်။

Google TV ကို အသုံးပြုသူများ အနေနှင့် Online မှတဆင့် ဗီဒီယိုများ အလွယ်တကူ ရှာဖွေ နိုင်ခြင်း၊ Web Application များ အသုံးပြုခွင့် ရလာခြင်း တို့ကို ဆောင်ရွက်ပေးရန် Google က စီစဉ်ထားသည်။

ထို့အပြင် Google ပိုင် YouTube ဝဘ်ဆိုဒ်မှ ဗီဒီယိုများကိုပါ ကြည့်ရှုနိုင်မည် ဖြစ်ပြီး Facebook နှင့် Twitter တို့ကိုပါ အသုံးပြုနိုင်ရန် Google က စီစဉ်ပေးလာဖွယ် ရှိနေကြောင်း eWeek မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ Google သည် ယင်းTV စံနစ်အတွက် ၎င်းပိုင် OS ဖြစ်သော Android နှင့် Web Browser ဖြစ်သည့် Chrome တို့ကို ထည့်သွင်း ပေးသွားရန် စီစဉ်ထားကြောင်းလည်း New York Times သတင်းစာက ဆိုသည်။ ယခု အခါ Google သည် ယင်းစံနစ် ကို စမ်းသပ် Network တွင် လည်ပတ် သုံးစွဲကြည့်နေပြီဟု သိရှိရသည်။ 

Google TV သည် အင်တာနက်မှ ဗီဒီယိုနှင့် Application များအား မိုဘိုင်းဖုန်းများမှ အသုံးပြုနိုင်သော နည်းလမ်းကို အခြေခံကာ TV ဖြင့်လည်း အသုံးပြုနိုင်ရန် တီထွင် ထားခြင်း ဖြစ်သည်။ လေ့လာသူများက ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း Android တွင် အသုံးပြုနိုင်သည့် Application (၃၀၀၀၀)ကျော် ပေါ်ထွက်လာခဲ့ပြီး ယင်းတို့ကို Google TV တွင်လည်း အသုံးပြု သွားနိုင်ဖွယ် ရှိနေကြောင်း ခန့်မှန်းနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here