ဝန်ကြီး အဖွဲ့သစ် ဖွဲ့ပြီးနောက် အရှုပ် အထွေးများ ဖြေရှင်း နိုင်မည်ဟု နိုက်ဂျီးရီးယား သမ္မတသစ် ပြောကြား

alt

နိုက်ဂျီးရီးယား၏ ကြားဖြတ် အစိုးရ အဖြစ် တာဝန် ယူလိုက်သော သမ္မတ ဂွတ်လပ်ဂျိုနသန်က မိမိ အနေ နှင့် ကက်ဘိနက် အသစ်ကို ဖွဲ့စည်းပြီး

ချိန်တွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အရှုပ် အထွေးများ အတွက်ဖြေရှင်း ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။

ဂျိုနသန်သည် ဒုတိယသမ္မတ တဦးဖြစ်သော်လည်း သမ္မတ အူမာရူယေအဒူနာ ကျန်းမာရေး ဆိုးရွား နေခြင်းကြောင့် သမ္မတ ရာထူးအား ရယူလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် မတ်လ (၁၇)ရက်နေ့က သမ္မတ အဒူနာ လက်ထက် အစိုးရအဖွဲ့ ကက်ဘိနက်ကို ဖျက်သိမ်း လိုက်ပြီး နောက် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပိုမိုအားကောင်းသော မဟာ ဗျူဟာမြောက် အစိုးရကို ဖွဲ့စည်းနိုင်မှသာ တိုင်းပြည် စည်းလုံးမှုအတွက် အပြည့်အဝ ဆောင်ရွက်နိုင်မည်ဟု ဂျိုနသန်က ဆိုသည်။ ၎င်းက နိုက်ဂျီး ရီးယား နိုင်ငံအတွင်း ဆက်တိုက် ဖြစ်ပွားနေသည့် ခရစ်ယာန်နှင့် မွတ်ဆလင်တို့ မုန်းတီး သတ်ဖြတ်မှုများအား အပြီးသတ် သွားလိုသည့် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။ နိုက်ဂျီး ရီးယားတွင် လူမျိုးရေးနှင့် ဘာသာရေး မုန်းတီး သတ်ဖြတ်မှု များအပြင် တိုင်းပြည် စီးပွားရေးမှာလည်း ပြီးခဲ့သည့်လက (၁၂.၃) ရာခိုင်နှုန်း ကျဆင်းလျက် ရှိနေသည်။

အထူးသဖြင့် နိုင်ငံရေး အခြေအနေ မငြိမ်မသက် ဖြစ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများက စီးပွားရေး လုပ်ငန်းများတွင် ထည့် ဝင်လုပ်ကိုင်ရန် တွန့်ဆုတ်နေမှုက နိုက်ဂျီးရီးယား၏ စီးပွားရေး ကဏ္ဍကို ပိုမိုဆိုးရွား စေခဲ့သည်။ ထိုအခြေအနေ များ အတွက် အကောင်းဆုံး ဖြေရှင်းရန်မှာ အင်အားကောင်းသော အစိုးရကို ဖွဲ့စည်းရန်သာ ဖြစ်ကြောင်း ဂျိုနသန်က ပြော ကြားခဲ့သည်။ ၎င်းက ယခင် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးများအား သူရဲဘောကြောင်ပြီး ဆုံးဖြတ်ချက် မပြတ်သား၊ မခိုင် မာသူများ အဖြစ်လည်း ဝေဖန်ခဲ့ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here