အက်သလက်တီကို မက်ဒရစ် အသင်း မိမိ၏ တိုက်စစ်မှူး အဂွေရို အတွက် ဈေးခေါ်

alt

အက်သလက်တီကို မက်ဒရစ် အသင်းက ၎င်းတို့၏ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအား ခေါ်ယူလိုပါက ရီကာဒို ကာကာ၊ ခရစ်စတီယာနို ရော်နာဒို၊ ဂွန်ဇာလက် ဟီဂူအင်

တို့အပြင် ငွေသားပါ အလိုက် ပေးရမည်ဟု ရီးရဲလ် မက်ဒရစ် အသင်းအား သတိ ပေးလိုက်သည်။

အက်သလက်တီကိုက ၎င်းတို့၏ အတောက်ပဆုံး လူငယ် ကြယ်ပွင့်အား အခါးသီးဆုံး မြို့ခံပြိုင်ဖက်ထံ မရောင်းချ နိုင်ကြောင်းနှင့် မဖြစ်မနေ ကမ်းလှမ်း လာပါက အထက်ပါကြေးအတိုင်း ပေးရလိမ့် မည်ဟု ပြောကြားခဲ့သည်။

အသက် (၂၁)နှစ်သာ ရှိသေးသော အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးလေးမှာ အသင်းနှင့် ချုပ်ဆိုထားသော စာချုပ် တွင် ယူရိုသန်း (၆၀)ပေးပါက ဝယ်ယူနိုင်မည်ဟု ပါရှိထားသော်လည်း အက်သလက် တီကို က ယင်းအချက်ကို ပြင်ဆင်မည့် စာချုပ်သစ် ကမ်းလှမ်းရန် စီစဉ်လျှက် ရှိနေသည်။

အက်သလက်တီကို ဥက္ကဌ အင်းနရစ် ဆီရီဇိုက မိမိတို့ အနေနှင့် သတ်မှတ်ဈေးနှုန်းကို ပြင်မည် မဟုတ်ကြောင်း၊ ရီးရဲလ် အနေနှင့် အဂွေရိုကို လိုချင်ပါက ရော်နာဒို၊ ကာကာနှင့် ဟီဂူအင် တို့အပြင် ငွေကြေးပါ ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဂွေရိုအား အင်္ဂလန် ပရီးမီးယား လိဂ်အသင်း ချဲလ်ဆီးကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here