မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေး​ ကောင်စီတွင် ဆွေးနွေးမှုများ ပြုလုပ် ရန် ဗြိတိန်​ တိုက်တွန်း

alt

ကုလသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဗြိတိန်​ နိုင်ငံက ဗုဒ္ဓဟူးနေ့က

တိုက်တွန်း လိုက်သည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အဖွဲ့ဝင် ဗြိတိန်က မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် စိုးရိမ် နေမိကြောင်းနှင့် ထိုကိစ္စတွင် မြန်မာ စစ်အစိုးရ၏ အင်အားကြီး မဟာမိတ် ဖြစ်သော အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရက်စက် ယုတ်မာမှုများကြောင့် နာမည်ကြီး​ နေသော စစ်အစိုးရ၏ အုပ်ချုပ်မှုတွင် ကျရောက်နေပြီး အနောက်ကမ္ဘာ အင်အားကြီး နိုင်ငံများက အရေးယူမှုများ ပြုလုပ်ရန် အစဉ်ကြိုးပမ်း နေခဲ့သည်။ ယခုအခါ (၁၅)နိုင်ငံဖြင့် ဖွဲ့စည်း ထားသော လုံခြံုရေး ကောင်စီအနေနှင့် မြန်မာ့အရေးကို အာရုံစိုက် ဆွေးနွေးသင့်ပြီဟု ဗြိတိန်က ဆိုသည်။

အဘယ်ကြောင့် ဆိုသော် မြန်မာ စစ်အစိုးရသည် ၎င်းတို့မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်သော စည်းမျဉ်းများ အတည်ပြု ချမှတ်လိုက်ခြင်းကြောင့်ဟု သိရှိရသည်။ မိမိ တို့အနေနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော နောက်ဆုံး အခြေအနေများ အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်​နေပြီ ဖြစ်ကြောင်း အနောက်နိုင်ငံ ကိုယ်စားလှယ်များက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြံုရေးကောင်စီ အစည်းအဝေးတွင် ဗီတို အာဏာ အသုံးပြုနိုင်သည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ် နှင့် ရုရှားနိုင်ငံတို့ အားလုံးလည်း ပါဝင်လာဖွယ် ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here