ဒေးဗစ်ဘက်ဟမ်း ဘောလုံး ကစားခြင်းမှ အနားယူသင့်ပြီဟု တွမ်ခရုစ် ပြောကြား

alt

မင်းသား တွမ်ခရုစ်က ၎င်း၏ သူငယ်ချင်း ဒေးဗစ်​ ဘက်ခမ်းသည် ဘောလုံး ကစားခြင်းမှ အနားယူ သင့်ပြီဟု ယူဆကြောင်း

ပြောကြားလိုက်သည်။

အေစီမီလန်တွင် အငှားလာရောက် ကစားနေသည့် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမား ဘက်ခမ်း သည် ယခုအခါ အရွတ် ဒဏ်ရာကြောင့် နားနေရပြီ ဖြစ်သည်။ ဘက်ခမ်း အနေနှင့် မိခင်ကလပ် လော့စ် အိန်ဂျယ်လိစ် ဂလက်ဆီတွင် ပါဝင် ကစားစဉ်က အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာ သည့် ဟောလီးဝုဒ် မင်းသားက အသက် (၃၅)နှစ် ရှိပြီဖြစ်သော ၎င်း၏ မိတ်ဆွေသည် ဘောလုံး ဆက် မကစား သင့်တော့ဟု သုံးသပ်လိုက်သည်။

ဘက်ခမ်းသည် ဒဏ်ရာမှ သက်သာလာလျှင် ကြံ့ခိုင်မှု အပြည့်နှင့် ဘောလုံးဆက် ကစားနိုင်မည်မှာ သေချာကြောင်း၊ သို့သော်​ လည်း အောင်မြင်မှုများ ရရှိပြီးသူ တယောက် အနေနှင့် ဘောလုံးလောကကို ကျေကျေနပ်နပ် ကျောခိုင်း လိုက်သင့်ပြီ ဖြစ်​ ကြောင်း ခရုစ်က ဆိုသည်။ ဘက်ခမ်း ကိုယ်တိုင်ကမူ (၂၀၁၀)ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တွင် အင်္ဂလန် အသင်းနှင့်​ အတူ ပါဝင်ခွင့်ရရေး အားခဲထားဆဲ ဖြစ်သည်။

ဘက်ခမ်းအနေနှင့် ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်ခြင်း မရှိပါက သုံးသပ် ဝေဖန်သူအဖြစ် ပါဝင်ဆောင်ရွက်ပေးရေး အတွက် ITV ၊ BBC နှင့် ESPN စသော ရုပ်မြင်သံကြား ဌာနများက အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here