ပရီးမီးယား လိဂ်မှာ ကစားချင်လှတဲ့ ဒိန်းမတ်ခံစစ်မှူး ဆိုင်မွန်ကေဂျာ

alt

ဆိုင်မွန်ကေဂျာက မိမိအား ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်သီး (၂)သင်းအား တောင်းဆို​ လိုက်သည်။ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူးလေးက

၎င်းသည် အီတလီကလပ် ပါလာမိုမှ ထွက်ခွာကာ အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်း​ ရွှေ့ရန် အသင့်ဖြစ်နေပြီဟု မန်ချက်စတာ ယူနိုက်တက်​ နှင့် လီဗာပူးတို့ထံ အသိပေးလိုက် သည်။

ဆစ်စလီကျွန်း အခြေစိုက် ကလပ်အသင်းတွင် ကစားနေသည့် အသက်(၂၀) အရွယ် ဗဟို နောက်ခံ​ လူသည် ကမ္ဘာ့အကောင်းဆုံး လူငယ်သွေးသစ် ခံစစ်မှူးလေး တဦးအဖြစ် ထင်ရှားနေသူလည်း ဖြစ်သည်။

၎င်းအား ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ရီယိုဖာဒီနန်နှင့် နီမန်ဂျာဗီဒစ်တို့ နေရာတွင် ရေရှည် အစားထိုးသွားရန် စိတ်ဝင်စား​ နေသလို လီဗာပူးကလည်း ကေဂျာ၏ ဒိန်းမတ် လက်ရွေးစင် အသင်းဖော် ဒင်နီရယ်အက်ဂါ နှင့် တွဲဖက်ပေးရန် စိတ်အား ထက်သန်လျက် ရှိသည်။

ကေဂျာက မိမိသည် ပါလာမိုကို နှစ်သက်သည့်တိုင် ပိုမိုလေးနက်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် ဆုဖလားများ ရယူရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ကေဂျာအား အခြားသော အင်္ဂလန် ကလပ်အသင်း တခုဖြစ်သည့် တော့တင်ဟမ် ဟော့စပါးနှင့် ဂျာမန်ကလပ် ဝုဖ်ဘတ် တို့ကလည်း စောင့်ကြည့်နေကြောင်း သတင်းရ​ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here