တိရစ္ဆာန် ချစ်တတ်ကြသည့် ဗြိတိသျှ လူမျိုးများ

alt

ဗြိတိန်ရှိ တိရစ္ဆာန်ချစ်သူ အတော်​ များများက ၎င်းတို့ အချစ်တော် တိရစ္ဆာန်လေး​များ သေဆုံး​ သွားပါက မိဘဆွေမျိုးများ​ ဆုံးပါး​ သွား​သကဲ့သို့

ထိခိုက် ခံစားကြရလေ့ ရှိကြောင်း စစ်တမ်းတခုက ဖော်ပြခဲ့သည်။

အထူးသဖြင့် ခြေလေးချောင်း အိမ်မွေး တိရစ္ဆာန်​ လေးများ သေဆုံးသည့်အခါ ပိုင်ရှင်များက အချစ် ခင်ဆုံး ဆွေမျိုးများ ဆုံးပါးသွား သကဲ့သို့ ခံစား ရလေ့ရှိကြောင်း သိရှိရသည်။ ဗြိတိန်မှ တိရစ္ဆာန် ချစ်သူ (၁၃၀၀)ကို ကောက်ခံသော စစ်တမ်းအရ ၎င်းတို့၏ ချစ်စရာ တိရစ္ဆာန်လေးများ သေဆုံး သည့်အခါ အလွန်ပူဆွေး​ ရကြောင်း (၅၀) ရာခိုင်နှုန်း​ က ဖြေကြားခဲ့ရသည်။

(၅၃) ရာခိုင်နှုန်း ကမူ ထိုသောကသည် ၎င်းတို့၏ စိတ်အာရုံတွင် ဖျောက်ဖျက်ရ အလွန်ခက်ကြောင်း ဝန်ခံပြောကြား​ ခဲ့ကြသည်။ MORE THAN က ပြုလုပ်သော သုတေသန စစ်တမ်းအရ ပျမ်းမျှအား ဖြင့် တိရစ္ဆာန်လေးများ သေဆုံးသည့်​ အခါ ပိုင်ရှင်များက ငွေကြေး (၇၂)ပေါင်မျှ အကုန်အကျခံ သဂြင်္ိုဟ်ပေးလေ့ ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ဗြိတိန်တွင် အိမ်မွေး​ တိရစ္ဆာန် ဝယ်ယူမှု စုစုပေါင်းတန်ဖိုးမှာ ပေါင် စတာလင် (၈၉၅)သန်း အထိ ရှိခဲ့သည်။ စစ်တမ်းအရ အိမ်မွေး တိရစ္ဆာန်ပိုင်ရှင် (၈) ရာခိုင်နှုန်းသည် သေဆုံးသွားသည့် ၎င်းတို့၏ အချစ်တော် တိရစ္ဆာန်​ လေးများ အတွက် လူများအား မြှုပ်နှံသဂြင်္ိုဟ် သကဲ့သို့ အကောင်းစား အုတ်ဂူများပင် ပြုလုပ်ပေးလေ့ ရှိကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here