Nissan ကုမ္ပဏီပိုင် စက်ရုံ ဥရောပ၏ အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်ရေး ဖြစ်လာ

alt

ဆန်းဒါးလန်းရှိ Nissan ကုမ္ပဏီပိုင် စက်ရုံတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ပေါင်စတာလင် သန်း​ (၄၀၀)​ ကို ထပ်မံဖြည့်တင်း လိုက်ပြီး ​

နောက် ယင်းသည် ဥရောပတွင် အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံအဖြစ် ရောက်ရှိ​ သွားပြီ ဖြစ်သည်။ မတ်လ (၁၉)ရက်နေ့တွင် Nissan သည် ၎င်းတို့၏ လျှပ်စစ်ကားအသစ် Leaf ကို ထုတ်ဖော်ပြသမည် ဖြစ်သည်။

အင်္ဂလန် အရှေ့မြောက်ပိုင်းတွင် တည်ဆောက်ထား​ သည့် စက်ရုံ၏ ဘက်ထရီနှင့် မော်တော်ကား ထုတ်လုပ်မှု လုပ်ငန်း နှစ်ခုလုံးတွင် ထည့်ဝင် မြှုပ်နှံ​ သွားမည့် ငွေကြေးကြောင့် အလုပ်အကိုင်နေရာ (၄၅၀၀) တိုးပွားလာစေပြီး စုစုပေါင်းဝန်ထမ်း (၂၀၀၀၀)ခန့် အထိ ခန့်​ ထားနိုင်မည်ဟု သိရသည်။

ဗြိတိသျှ အစိုးရသည် သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် Green နည်းပညာသုံး မော်တော်​ကား​များ တိုးချဲ့​ ထုတ်လုပ်​ ရေး အဆိုပါ စီမံကိန်းအတွက် ပေါင်စတာလင် သန်းနှင့်ချီပြီး ထောက်ပံ့ ထည့်​ ဝင်သွားရန် သဘောတူညီပြီး ဖြစ်သည်။ Nissan သည် ဗြိတိန်တွင် စီးပွားရေးအရ အခိုင်အမာ ခြေကုပ် ယူထားပြီးဖြစ်ကာ ယခုအခါ လျှပ်စစ်ကားတစင်း ဝယ်ယူပါ​ က ပေါင်​ စတာလင် (၅၀၀၀)သာ ကျသင့်မည့် လျှော့ဈေးဖြင့် ဆွဲဆောင်ပြီး ဈေးကွက်ချဲ့ရန် ပြင်ဆင်နေသည်။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း လန်ဒန်ကို ဥရော၏ လျှပ်စစ်ကား မြို့တော် ဖြစ်လာစေရေး မျှော်လင့်​ ထားကြောင်း ပြောကြားထားသဖြင့် Nissan ၏ လျှပ်စစ်​ကား စီမံကိန်းတွင် အစိုးရကပါ ပူးပေါင်း​ ပါဝင်မှုများ ပြုလုပ်​ လာခြင်းဖြစ်သည်။ Nissan ၏ ဗြိတိန်အတွက် ပထမဆုံး လျှပ်စစ်ကားများကို (၂၀၁၁) ခုနှစ်တွင် စတင်ပြီး အလုံးအရင်း ရောင်းချ​ သွားနိုင်ရန် မျှော်လင့် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here