အကဲလွန်တဲ့ ရုရှားစုံတွဲ ကားထဲမှာ သေဆုံးသွား

alt

အေးမြသော ရာသီဥတုကို ကြံုနေ​ ရသည့် ရုရှား​ နိုင်ငံရှိ စုံတွဲ​ တတွဲသည် ကားအတွင်း ချစ်တင်း နှီးနှော​နေစဉ် သေဆုံး သွားခဲ့ရကြောင်း​

သိရှိရသည်။

ယခု သီတင်းပါတ် အစောပိုင်းက မော်စကိုရှိ စုံတွဲ​ တတွဲသည် ကားပါကင်တခုရှိ သေးငယ်သော ကားဂို​ ဒေါင်လေး အတွင်းသို့ ကားဝင်ရပ်ကာ အချစ်​ စခန်းဖွင့်နေရင်း အအေးဓာတ် လွန်ကဲမှုကို ကာကွယ်​ရန် ကားအင်ဂျင်ကို စက်နှိုးကာ အပူပေး​ စက်ကို ဖွင့်ထားခဲ့ရာ ( Interfex သတင်းဌာန၏ အဆိုအရ) နောက်ပိုင်းတွင် ရဲများက ကာဘွန် မိုနော့ဆိုဒ် ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေဆုံးနေ သည့် ယင်းတို့​ နှစ်ဦး၏ အလောင်းကို ဗောက်ဝယ်ဂွန် ကားလေးအတွင်း ပြန်လည် တွေ့ရှိခဲ့ရသည်။

ထိုစုံတွဲသည် သေဆုံးနေချိန်တွင် ပူးပူးကပ်ကပ် ရှိနေကြောင်း ရဲများက ဆိုသည်။ မော်စကိုရှိ လူ​အများ​အပြားသည် ၎င်းတို့ ၏ ကားများကို ထားရှိရန်အတွက် သေးငယ်သော ကားဂိုဒေါင်လေး များ​ကိုပါ အိမ်နှင့်ကပ်ပြီး ဆောက်ထားလေ့ ရှိကြောင်း သိရှိရသည်။

အလားတူ အဖြစ်ပျက်မျိုး ယခု နှစ်ဦးပိုင်းက အမေရိကန်နိုင်ငံတွင် မြန်မာအများဆုံး တစုတဝေးတည်း နေထိုင်ရာ အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့တွင် ကရင်အမျိုးသား ဆယ်ကျော်သက်ရွယ် စုံတွဲ တတွဲလည်း ဖြစ်ပွားခဲ့ ဖူးကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here