လေယာဉ် အရေးပေါ် ဆင်းသက်မှုကြောင့် မြေပြင်မှ လူတဦး သေဆုံးခဲ့ရ

alt

ပျံသန်းနေရင်း အင်ဂျင် ရပ်သွားသဖြင့် အရေးပေါ် ဆင်းသက်လာရသည့် လေယာဉ် တစင်းကြောင့် မြေပြင်မှ လူတဦးသေဆုံး

သွားခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ၊ မြောက်ပိုင်း​ ကာရိုလိုင်းနားတွင် မတ်လ (၁၅)ရက်နေ့က ပျံသန်းနေသော လေယာဉ်​ တစင်းမှာ စက်ရပ် သွားပြီးနောက် ပိုင်းလော့က ပါမက်တိုဒွန်းရှိ သဲသောင်ပြင်ပေါ် အရေး​ ပေါ် ဆင်းသက်ရန် ဆုံးဖြတ် လိုက်ရသည်။

အနီးဆုံး လေယာဉ်ကွင်းမှာလည်း အလွန်ဝေး ကွာနေသေးပြီးရာ ပိုင်းလော့ အနေနှင့် အရဲစွန့် ပျံ​ သန်းမည့် အစီအစဉ်အား စွန့်လွှတ်ထားလိုက် ရတော့သည်။ လေယာဉ်သည် ဂိုအာကမ်းခြေရှိ ပါမက်တို​ ဒွန်း သဲသောင်ပြင်သို့ ဆင်းသက် လာနိုင်သော်လည်း ဆီယိုမှုကြောင့် လေကာမှန်များ မှုန်ဝါးကုန်ပြီး ပိုင်းလော့ ဖြစ်သူသည် မြင်ကွင်းမရှင်းပဲ ကမ်းခြေရှိ ကျန်းမာ​ ရေး လေ့ကျင့်ခန်း လုပ်နေသူ တဦးအား ဝင်တိုက်မိပြီး ထိုသူ သေဆုံးသွားခြင်း ဖြစ်သည်။

အပျော်စီး လေယာဉ်လေး၏ ပိုင်းလော့၊ လိုက်ပါလူသူ ခရီးသည်နှင့် သေဆုံးသူ အမျိုးသားတို့၏ အမည်များကို တာဝန်ရှိသူများက ပြောကြားသွားခြင်း မရှိပေ။ သင်ကြား​ ရေး အထောက်အကူပြု လေယာဉ် အမျိုးအစားဖြစ်သည့် Lancair IV-P သည် ဖရော်ရီဒါ၊ အော်လန်ဒို လေဆိပ်မှ စတင် ပျံသန်းလာပြီး ဗာဂျီးနီးယားသို့ ဦးတည်စဉ် အရေးပေါ် ဆင်းသက်လိုက်ရခြင်း ဖြစ်သည်။ လေယာဉ်ပေါ် ပါလာသူနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here