ပါကီတွင် ပြန်ပေး ဆွဲခံရသည့် ဗြိတိန် ကလေးငယ် ပြန်လည်တွေ့ရှိ

alt

ပါကစ္စတန်တွင် ပြန်ပေးဆွဲ ခံလိုက် ရသည့် အသက် (၅)နှစ် အရွယ် ဗြိတိန် ကလေးငယ်အား အန္တရာယ် တစုံတရာ မရှိဘဲ ပြန်လည် တွေ့ရှိပြီဟု

သိရှိရသည်။

နိုင်ငံ အလယ်ပိုင်းရှိ အဖိုးအဖွား နေအိမ်သို့ အလည် လာရောက်စဉ် ပြန်ပေးဆွဲ ခံလိုက်ရသည့် ရှာဟီ​ဆိဒ် အတွက်ပြန်ပေး ငွေတရပ် ပေးချေ ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့​ သော်လည်း မည်သို့မည်ပုံ ပေးချေရကြောင်းနှင့် ပြန်ပေးငွေ ပမာဏတို့ကို အတည်ပြု ပြောကြားခြင်း မရှိခဲ့ပေ။

ဆိဒ်အား နိုင်ငံ အရှေ့တောင်ပိုင်း ဂျီလမ်မြို့မှ မိုင်(၂၀) အကွာ ပန်ဂျပ်မှ ရွာလေးတခုတွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ် သည်။ ပြန်ပေးဆွဲမှုတွင် မိသားစုဝင် တဦးဦးက ပတ်သက်နေသည် ဆိုသော ခန့်​မှန်းချက် များကိုမူ ရဲတပ်ဖွဲ့က ငြင်းဆန်ထား သည်။ ဆိဒ်၏ ပြန်ပေးဆွဲ ခံရမှုသည် မိသားစုအပြင် တကမ္ဘာလုံးက အာရုံစိုက်လာရသည့် သတင်းတခု ဖြစ်လာခဲ့သည်။

၎င်းသည် မတ်လ (၄)ရက်နေ့က ပျောက်ဆုံး သွားခဲ့ပြီးနောက် မတ်လ (၁၆)ရက်နေ့တွင် ဘေးကင်းကင်းနှင့် မိသားစုထံ ပြန် လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်၏ အခြေအနေကို စစ်ဆေးခဲ့သော ဒေါက်တာ ဟာဖီဇာရာမန်က ဆိဒ်သည် ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here