ပါကစ္စတန်တွင် စစ်သွေးကြွများ ဒုံးကျည်ထိမှန်​ သေဆုံး

alt

ပါကစ္စတန်တွင် အမေရိကန် ဒုံးကျည် ထိမှန်သဖြင့် အနည်းဆုံး စစ်သွေးကြွ (၇)ဦး သေဆုံး​သွားကြောင်း သိရှိ​ ရသည်။

မတ်လ (၁၇)ရက်နေ့ မိုးမသောက်မီက ကင်းလှည့် ယာဉ်တန်းကို အယ်လ်ကိုင်းဒါး စစ်သွေးကြွ များက ချံုခို တိုက်ခိုက်သဖြင့် ရဲ(၅)ဦး သေဆုံးခဲ့ပြီးနောက် အမေရိကန် မောင်းသူမဲ့ လေယာဉ်က စစ်သွေးကြွ​ များ ခိုအောင်းနေသည့် ပစ်မှတ်များကို တန်ပြန် တိုက်ခိုက်ခဲ့ရာ တာလီဘန်နှင့် အယ်လ်ကိုင်းဒါ တပ်ဖွဲ့များ သေဆုံးခဲ့ကြောင်း စစ်ဖက်က ကြေညာ​ ခဲ့သည်။

ဒုံးကျည် နှစ်စင်းသည် မြောက်ပိုင်း ဝါဇီရစ်စတန်ရှိ ပစ်မှတ်များကို တိုက်ရိုက် ထိမှန်ခဲ့ကြောင်း အမေရိ​ကန် ကြည်းတပ်က ဆိုသည်။ ပထမ ဒုံးကျည်သည် ဟမ်ဇိုနီ ကျေးရွာရှိ ပစ်မှတ်ကို ထိမှန်ပြီး စစ်သွေးကြွ အနည်းဆုံး(၂)ဦး သေဆုံးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ကျန်တစင်းမှာမူ အယ်လ်ကိုင်ဒါများ တပ်စွဲနေသည်ဟု ယူဆရသော တောင်ခါးပန်း နေရာတခုကို ထိ​မှန်ကာ စစ်သွေးကြွ (၅)​ ဦး​ထက် မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အစိုးရသည် တောင်ပိုင်း ဝါဇီရစ်စတန်ရှိ စစ်သွေးကြွများအား ချေမှုန်း တိုက်ခိုက်နေသည့် ပါကစ္စတန် စစ်တပ်များအား မဟာဗျူဟာမြောက် အကူအညီများ ပေးကာ ဒုံးကျည်များဖြင့် ပစ်ကူ​လျှက် ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here