ဂျေရုဆလင် အိမ်ယာ စီမံကိန်း ပြဿနာအား အမေရိကန် ညှိနှိုင်း ဖြေရှင်းမည်

alt

နှစ်ပေါင်း များစွာအတွင်း အကြီးကျယ်ဆုံး သဘောထား ကွဲလွဲမှုများအား အစ္စရေးနှင့် အမေရိကန် တို့က ပူးပေါင်းကုစား သွားမည်ဟု

ကြေညာခဲ့သည်။

ဂျေရုဆလင်တွင် အစ္စရေး အိမ်ယာ စီမံကိန်းများ တိုးချဲ့မှုအတွက် မဟာမိတ် နှစ်နိုင်ငံကြား ဆယ်စုနှစ် (၃)ခု ကျော်အတွင်း အကြီးမားဆုံး တင်းမာမှုအချို့ ပေါ်ပေါက် လာခဲ့သော်လည်း ယင်း အခြေအနေ​ အား ညှိနှိုင်းဖြေရှင်း သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော​ ကြားခဲ့သည်။

အစ္စရေး အာဏာပိုင် များကလည်း ယခုကိစ္စကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းပြီး အမေရိကန်နှင့် ချစ်ကြည်​ ရင်းနှီးစွာ ဆက်လက် နေထိုင်သွားမည်ဟု အတည်ပြုထားသည်။ အစ္စရေးသည် အရှေ့​ ဂျေရုဆလင်တွင် ဂျူးအိမ်ယာ (၁၆၀၀)ကျော်ကို တိုးချဲ့ ဆောက်လုပ်နေမှု အတွက် ပါလက်စတိုင်းက ကန့်ကွက်ခဲ့သလို အမေရိကန်ကလည်း အစ္စရေးအား အိမ်ယာ စီမံကိန်း​ များ ရပ်တံ့ပေးရန် တောင်းဆိုခဲ့ရာ တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း နှစ်နိုင်ငံလုံးက နိုင်ငံရေးအရ အလွန် အားကောင်းသော မဟာမိတ်များ အဖြစ် ရပ်တည်နေခြင်းအား ဆက်လက် ထိန်းသိမ်း သွားလိုစိတ် ရှိနေကြသည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူ သည် ထိပ်တန်း အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက် အမေရိကန်နှင့် အကောင်းဆုံး ညှိနှိုင်းသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

အမေရိကန် ကလည်း အစ္စရေး၏ အိမ်ယာ စီမံကိန်းများ ဖျက်သိမ်းပေးရန် ၎င်းတို့၏ တောင်းဆိုမှုထက် ပိုမိုသိမ်မွေ့သော နည်းလမ်းမျိုးကို ပြောင်းလဲသွားရန် စဉ်းစား​ နေကြောင်း ပြောကြားခဲ့သည်။ အစ္စရေးသည် အမေရိကန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည့်တိုင် အိမ်ယာ စီမံကိန်းများ ဖျက်သိမ်းမည်ဆိုသော ဆုံးဖြတ်ချက်မျိုး မချမှတ်သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here