မြန်မာ စစ်အစိုးရက ကိုညီညီအောင် အား ​ပြန်​လွှတ်​ပေး

alt

နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်မှ ကြာသာပတေး နေ့ နေ့လည် ၁၂နာရီတွင် ထောင်ဒဏ် ၃နှစ် ချခံ

ထားရသော မြန်မာ – အမေရိကန် ကိုညီညီအောင် ( အသက်-၄၀နှစ် )​ ကို မြန်မာ စစ်အစိုးရက ယနေ့တွင် ဘန်ကောက်မှ တဆင့် ဝါရှင်တန် ဒီစီသို့ ပြန်ခွင့် ပြုလိုက်သော်လည်း​၊ လွှတ်ရသည့် အကြောင်းအရင်း​ အား မသိရှိရသေးဟု အဒေါ်​ ဖြစ်သူ ဒေါ်ခင်ခင်ဆွေက သတင်း​ မီဒီယာများသို့ ဖြေကြား​လိုက်သည်။

ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်မှာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင် နှင့် ဝမ်းကွဲ မောင်နှမ ဖြစ်သူ သက်သက်အောင် ( ထောင်ဒဏ် – ၆၅နှစ် ) မှာ​ စက်တင်ဘာလ သံဃာ့ အရေးအခင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၅)နှစ် ကျခံနေရာကို သွားရောက်​ ကြည့်ရှုရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ကိုညီညီအောင်မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ၁၉၉၃ခုနှစ်တွင် အမေရိကန် နိုင်ငံတွင် အခြေချ နေထိုင်သူ ဖြစ်လာခဲ့သည်။ အဒေါ်​ ဖြစ်သူအား ကိုညီညီအောင် ပြန်လွတ်ပြီ ဖြစ်ကြောင်း အမေရိကန် သံရုံးက ယမန်နေ့က အသိပေး အကြောင်းကြားခဲ့ပြီး၊ ပြည်မြို့​ အကျဉ်းထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ည ကတည်းက ပြန်ရွှေ့လာကာ ယနေ့ ကြာသာပတေးနေ့ နေ့လည့် ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခွင့်​ ရခဲ့သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here