လေဒီဂါဂါ ဒုတိယ မက်ဒေါနား ဖြစ်လာနိုင်ဟု ဒါရိုက်တာ ချီးကျူး

alt

ဘီယောင်းဆေးလ် ၏ Telephone ဗီဒီယိုကို ဖီချာဆို၍ ရိုက်ကူး​ ပေးခဲ့သည့် ဂါဂါသည် ဒုတိယ မက်ဒေါနား ဖြစ်လာလိမ့်မည်​ ဟု

အမ်တီဗွီ ရိုက်ကူးပေးသည့် ဒါရိုက်တာက ချီးကျူး​ ပြောကြား သွားခဲ့သည်။

ဒါရိုက်တာ ဂျိုနက်အာကာလော့ က အသက် (၂၃)နှစ်ရှိ ဂါဂါသည် မက်ဒေါနား၏ Pop ဘုရင်မ ဆိုသော နေရာကို ဆက်ခံနိုင်မည်ဟု ခန့်မှန်း ပြောဆိုလိုက်သည်။ ၎င်းသည် အသက် (၅၀)အရွယ် မက်ဒေါနား၏ သီချင်းဗီဒီယို အချို့​ ကိုလည်း ရိုက်ကူး ပေးခဲ့ဖူးသည့် ဆွီဒင်နိုင်ငံသား ဂျိုနက်က Poker Face စတား ဂါဂါသည် အများနှင့် မတူသော တီထွင်ဉာဏ်နှင့် အနုပညာ အရည်အသွေး ရှိကြောင်း ပြောကြားခဲ့သည်။

MTV နှင့် အင်တာဗျူးတွင် ဂျိုနက်က မက်ဒေါနားရော၊ ဂါဂါပါ ထူးချွန်သူများ ဖြစ်ကြကြောင်း၊ ဂါဂါသည် အလွန်​ ကြီးမားသော ပါရမီကို ပိုင်ဆိုင်ထားပြီး စိတ်ကူးကောင်းသည့် အနုပညာရှင် တဦး ဖြစ်ကြောင်း၊ မက်ဒေါနားနှင့် (၁၂)နှစ်​ ကြာ လက်တွဲ ဆောင်ရွက်စဉ်က ကြံုဖူးသော အထင်ကြီး လေးစားမှုမျိုး ဂါဂါနှင့်လည်း ခံစားရကြောင်း ထုတ်ဖော်ပြောဆို​ ခဲ့သည်။

ဂါဂါ ကိုယ်တိုင်ကလည်း သူမသည် (၁၉၈၀)ပြည့်နှစ် ဝန်းကျင်က Pop ဂီတ လောကကို မက်ဒေါနားက လွှမ်းမိုးထားသည့် ခြေလှမ်းမျိုး လှမ်းနိုင်ရန် မျှော်လင့်ထားကြောင်း မကြာသေးမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here