မန်ယူ တိုက်စစ်မှူးအား ရီးရဲလ်ဥက္ကဌ ခေါ်ယူဖွယ် ရှိ​နေ

alt

ရီးရဲလ်မက်ဒရစ် ဥက္ကဌဟောင်း ရေမွန်ကယ်ဒါရွန်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရူနီ​ သည် လက်ရှိ ရီးရဲလ်ဥက္ကဌ

ဖလော်ရင်တီနို ပီရက်စ်၏ ပစ်မှတ်အသစ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းလိုက်သည်။ ကယ်ဒါရွန်က ပီရက်စ်သည် ယူရိုငွေ သန်း(၈၀)မှ (၁၀၀) အထိပေးကာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးအား ခေါ်​ ယူသွားဖွယ် ရှိကြောင်း ပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်တွင် (၂၅)ဂိုး သွင်းထားသည့် အသက်(၂၄)နှစ်ရှိ ရူနီသည် အသင်းဖော်ဟောင်း ခရစ်​ စတီယာနို ရော်နာဒိုနှင့် အတူ ဘာနေဗျူး ကွင်းကြီးတွင် အဖြူရောင် ဝတ်စုံနှင့် ဘောလုံး ကစားနေ​ သည်ကို မြင်ရပါကလည်း မိမိအတွက် ထူးဆန်းနေမည် မဟုတ်ဟု ကယ်ဒါရွန် ကဆိုသည်။

ယူနိုက်တက်သည် ၎င်းတို့၏ အရည်အသွေးပြည့် ကစားသမားလေးအား အဆုံးရှုံးခံဖွယ် မရှိသော်လည်း ယနေ့ခေတ်တွင် ငွေကြေး၏ အခန်းကဏ္ဍက အလွန်ပင် ကြီးမားလာကြောင်း ၎င်းက သုံးသပ်ခဲ့သည်။ ပီရက်စ်ကမူ ၎င်းသည် ပရီးမီးယားလိဂ် တွင်သာ ခြေစွမ်းပြ နိုင်လေ့​ ရှိသည့် အင်္ဂလိပ် ဘောလုံးသမား များကို ဝယ်ယူရန် စိတ်ကူးမရှိကြောင်း ပြောကြား​ ထားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here