စားသောက်ကုန် လုပ်ငန်းများ အဝလွန် တိုက်ဖျက်ရေး ပါဝင်ရန် မစ်ချယ်အိုဘားမား တောင်းဆို

alt

အမေရိကန် သမ္မတကတော် မစ်ချယ်​ အိုဘားမားက နိုင်ငံ​ အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းကြီး​ များအား အဝလွန်မှု

တိုက်ဖျက်ရေး စီမံကိန်းများ ချမှတ်​ ပေးပါရန် တောင်းဆို​ လိုက်သည်။

အထူးသဖြင့် ဈေးကွက်အတွင်း ကလေးများ အဝလွန်မှုနှင့် ကျန်းမာရေး ဆုတ်ယုတ်မှုကို ဖြစ်စေ​ မည့် အစားအသောက် များထက် ကျန်းမာရေး အထောက်အကူပြု အစားအစာများ ပိုမိုများပြား နေစေလို​ ကြောင်း သမ္မတကတော် ကဆိုသည်။

မစ်ချယ်သည် ကျောင်းများတွင် အာဟာရပြုမှုနှင့် အဝလွန်ရောဂါ တိုက်ဖျက်မှု အားကစား လှုပ်ရှား​မှု​ များတွင် အင်တိုက်​ အားတိုက် ပါဝင်​ ဆောင်ရွက်နေသူ တဦးလည်း​ ဖြစ်သည်။ သူမက Snack ကဲ့သို့ မုန့်များကို ကလေးများ ခုံမင်စွာ စားသောက်​ နေခြင်းနှင့် ကျောင်းများရှိ မုန့်များအတွင်း အဆီတက်​ စေမည့် ဓာတ်ပစ္စည်းများ ပါဝင်နေသည်ကို စိုးရိမ်​ မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Kraft အစားအသောက်ကုမ္ပဏီ၊ Coca Cola နှင့် General Mills တို့အား မစ်ချယ်က အဝလွန်မည့် အခြေအနေမျိုး တွန်းအား​ ပေးနေသော အစားအသောက်များ စီစစ် လျှော့ချပေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းများ​ အရ အမေရိကန်တွင် အသက်(၂၀)အောက် လူငယ်များ အဝလွန်မှုသည် တနှစ်ပြီးတနှစ် တရိပ်ရိပ် တိုးတက်​ လာနေ​ကြောင်း သိရှိ​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here