ဘောင်းဘီချွတ် ဆန္ဒပြခဲ့သည့် အီတလီ နိုင်ငံရေး သမားများ

alt

အီတလီရှိ နိုင်ငံရေး သမားများက ၎င်းတို့၏ မကျေနပ်မှုအား ထူးထူး​ ဆန်းဆန်း ဆန္ဒပြခဲ့​ ကြသည်။ လက်ဝဲယိမ်း နိုင်ငံရေး​သမား​ (၅၀)ခန့်​

သည်​ အီတလီ နိုင်ငံ၏ မြို့တော်ဖြစ်သော ရောမတွင် ဘောင်းဘီများ ချွတ်ကာ ဆန္ဒပြ​ခဲ့ကြ​သည်။

၎င်းတို့သည် လက်ယာယိမ်း နိုင်ငံရေးသမား တဦးဖြစ်သည့် မြို့တော်ဝန် ဂီယန်နီ အလီမန်နို၏ အသုံးစရိတ်ဆိုင်ရာ ပြဌာန်းမှု​ များအား ဆန့်ကျင်​ သည့် အနေနှင့် ယခုလို ဆန္ဒပြကြခြင်း ဖြစ်သည်။

“အလီမန်နို လုပ်လို့ ကျုပ်တို့မှာ Underwear ပဲ ကျန်တော့တယ်”ဟု ဆန္ဒပြသူများက ဆိုသည်။ ထို့အပြင် မြို့တော်ဝန်​ သည် မြို့တော်အတွင်း ဥယျာဉ်နှင့် ပန်းခြံများ၌ အိမ်ခြေရာမဲ့များ ပြည့်နှက် သွားစေသည့် အဓိက တရားခံလည်း ဖြစ်​ ကြောင်း ဆန္ဒပြသူ တဦးဖြစ်သည့် ဆင်နီဆစ်တာ မြို့နယ် အုပ်ချုပ်ရေးမှူး ဆန်ဒရိုမက်ဒီစီ က AFP သတင်းဌာနသို့ ပြော​ ကြားခဲ့သည်။

မြို့တော်ဝန်သည် လိုအပ်သော အသုံးစရိတ် လျာထားချက်များကို မဖြည့်ဆည်း ပေးခြင်းကြောင့် မိမိ၏ မြို့နယ်အတွင်း ကျောင်းတခုမှာ စက်တင်ဘာလ ကတည်းက မဖွင့်နိုင်​ကြောင်း ၎င်းက ဆိုသည်။ အခြားသော နိုင်ငံရေး ခေါင်းဆောင်များ ကလည်း မြို့တော်ဝန်၏ အသုံးစရိတ် ဆိုင်ရာ စီမံခန့်ခွဲမှုအား မကျေမနပ် ကန့်ကွက်ခဲ့သည်။

မိမိတို့ အနေနှင့် ဘတ်ဂျက် မရှိဘဲ မည်သို့မျှ လုပ်ငန်း မလည်ပတ်နိုင်ကြောင်း လက်ဝဲယိမ်း နိုင်ငံရေးသမား များက ဆိုသည်။ ရောမမြို့တော်ရှိ နယ်မြေကြီး (၁၉)ခု အနက် (၁၁)ခု​ မှ အုပ်ချုပ်ရေးမှူး များသည် လက်ဝဲယိမ်း ပါတီဝင်များ ဖြစ်ကြ​ ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here