ကလေး စွန့်ပစ်ခဲ့သည့် ဖခင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီး

alt

Universal စတူဒီယိုအနီး စွန့်ပစ်ထားသည့် ကလေးငယ် တဦးအား ရဲတပ်ဖွဲ့က ကယ်တင် စောင့်ရှောက်​ ခဲ့ပြီးနောက်

အရက်သမား ဖခင်အား ဖမ်းဆီး ထားလိုက်ကြောင်း သိရှိရသည်။

မတ်လ (၁၄)ရက်နေ့က အသက် (၂၉)နှစ် အရွယ် ချားဂေါ်ဒီသည် (၄)လ အရွယ် သမီးလေးအား စတူဒီယို​ အနီး ချံုပုတ်တခုတွင် ပစ်ထားကာ ၎င်းကဲ့သို့ပင် အရက်မူးနေသည့် ကလေး၏ မိခင်ဖြစ်သူ ရည်းစားအား အရှာ​ ထွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

​ဖ​ရော်​ရီ​ဒါ​ အော်လန်ဒို ရဲတပ်ဖွဲ့က ကလေးငယ်သည် ညဖက် (၂)နာရီလုံးလုံး သနားစဖွယ် နေခဲ့ရ​ ရှာကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ရဲများသည် ဂေါ်ဒီအား အန္တရာယ်ဖြစ်စေ လောက်အောင် ကလေး​ တဦးအပေါ် တာဝန် ပျက်ကွက်မှုဖြင့် အရေးယူထားပြီ ဖြစ်သည်။ ၎င်းသည် Universal စတူဒီယို​ ၏ ဝန်ထမ်းများ ကားထားရာ နေရာအတွင်း ကလေးအား စွန့်ပစ်ကာ ကလေးအမေ အက်ရှလီ​ ဂက်စကင် အား လိုက်ရှာနေခဲ့ခြင်း ဖြစ်သည်။

ရဲများက ၎င်းတို့နှစ်ဦးအား စစ်ဆေးချိန်တွင် အရက်နံ့ ထောင်းထောင်းထက အလွန် မူးနေကြ​ ကြောင်း ပြောကြားခဲ့သည်။ ရဲများက ကလေးအား ခေါ်ဆောင် သွားပြီးနောက် မိခင်ဖြစ်သူ ဂက်စကင်က ထိုနေရာသို့ ဦးစွာ ရောက်လာသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွား​ သည်။ ထို့နောက် ဂေါ်ဒီပါ ရောက်လာပြီး ကလေးပျောက်နေသည့် အတွက် လင်မယားနှစ်ဦး ရဲစခန်းအတွင်း စကားများခဲ့သေးကြောင်း ပြောကြားခဲ့သည်။ ကလေးမှာ Universal မှ ဝန်ထမ်းတဦးက အမှတ်မထင် တွေ့ရှိသဖြင့် ရဲထံ အကြောင်းကြားပြီး နောက် ကယ်တင်ခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here