ငှက်ပျောသီးတွင် ပါဝင်သည့် ဓာတု​ ပစ္စည်းတမျိုး HIV တိုက်ဖျက်ရေး အတွက် အကျိုးရှိ

alt

ငှက်ပျောသီးတွင် ပါဝင်သော ဓာတု​ ပစ္စည်းတမျိုး​ သည် HIV ပိုးကို တိုက်ဖျက်ရာတွင် အာနိသင် ရှိနိုင်​ ကြောင်း ပညာရှင်များက

ပြောကြားခဲ့​ ကြသည်။

အမေရိကန်နိုင်ငံ၊ မစ်ချီဂန် တက္ကသိုလ်မှ သုတေသီ​ များက ငှက်ပျောသီးအား အကျိုးရှိစွာ လေ့လာ​မှု​ များ ပြုလုပ်နိုင်ပါက အမျိုးသမီးများကို AIDS ရောဂါကြီး ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း​မှ ကာကွယ် ပေးနိုင်မည်ဟု ယုံကြည်​ နေကြသည်။

လက်တင်းဓာတ် တမျိုးဖြစ်ပြီး Ban Lec ဟု အမည်ပေးထားသည့် ယင်း ဓာတ်ပစ္စည်းသည် HIV ကာကွယ်ဆေး ဖော်ထုတ်​ နိုင်ရန် အသည်းအသန် ကြိုးပမ်းနေသည့် ပညာရှင်များအတွက် မျှော်လင့်ချက် တခုလည်း ဖြစ်လာသည်။ Ban Lec သည် လူတဦး၏ ခန္ဓာကိုယ်အတွင်း HIV ပိုး ပြန့်ပွားမှုကို တားဆီး ပေးနိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။

သို့သော်လည်း ဗိုင်းရပ်စ်ပိုး၏ ရင့်သန်လာမည့် သက်တမ်း အတိအကျနှင့် ခံနိုင်ရည်ကို HIV ကုသဆေး အချို့တို့က မခန့်မှန်း​ နိုင်သေးခြင်း ဖြစ်ပြီး ယခု ဓာတုပစ္စည်းကမူ ပိုမို​ ကောင်းမွန်သော ရလဒ်မျိုး ညွှန်ပြနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ဒေါက်တာ မိုက်ကယ်ဆွမ်ဆန်က HIV-1 အမျိုးအစား ဗိုင်းရပ်တွင် Ban Lec သည် ပူးပေါင်းသွားကာ သကြား ဒြပ်ပေါင်း​ အဖြစ်သို့ ရောက်ရှိသွားပြီး ဗိုင်းရပ်စ်ပိုး၏ ပြန့်နှံ့​မှုကို ကန့်သတ်ပေးနိုင်ခြင်း ရှိမရှိကို လေ့လာနေကြောင်း ပြောကြား​ ခဲ့သည်။ အသေးစိတ် စမ်းသပ်မှုများကိုမူ ပြုလုပ်နေဆဲ ဖြစ်သော်လည်း ထူးခြားသော အခြေအနေတခု ရရှိလာရန် ပညာရှင်​ များက မျှော်လင့်လျှက် ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here