ကမ္ဘာ့ အရပ်အပုဆုံး တရုတ် နိုင်ငံသား ကွယ်လွန်

alt

ဂင်းနစ် မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့ အပုဆုံး လူသားအဖြစ် ဖော်ပြ ခံရသည့် တရုတ် နိုင်ငံသား ဟီပင်ပင်း သည် အီတလီတွင် ရောက်ရှိ နေစဉ်

ကွယ်လွန်သွားကြောင်း သိရှိရသည်။

(၇၃)စင်တီမီတာသာ အရပ်မြင့်သည့် ပင်ပင်းသည် ရောမမြို့သို့ TV အစီအစဉ် တခုအတွက် ရောက်ရှိ နေစဉ် ရုတ်တရက် နှလုံး ဖောက်ပြန်မှုကြောင့် ဆေးရုံသို့ တင်ပို့ ကုသခဲ့သော်လည်း မတ်လ (၁၃) ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

လန်ဒန်မြို့ရှိ ဂင်းနစ်စာအုပ် ထုတ်ဝေရေးအဖွဲ့ အယ်ဒီတာချုပ် ခရိတ်ဂလန်ဒေးက ပင်ပင်းကဲ့သို့ ပျော်ပျော် နေတတ်ပြီး ချစ်စရာကောင်းသည့် မိတ်ဆွေတဦး ဆုံးရှုံးသွားခြင်းအတွက် အလွန် စိတ်ထိခိုက် မိကြောင်း ပြောကြားခဲ့သည်။

ပင်ပင်းသည် (၂၀၀၈)ခုနှစ် ကတည်းက ကမ္ဘာ့ အရပ်အပုဆုံး လူသားအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူ ဖြစ်သည်။ ၎င်း၏ နေရာအတွက် အရပ်(၅၃) စင်တီမီတာသာ ရှိသည့် ခါဂျန်ဒရာ သာပါမာဂါက စိန်ခေါ် လာခဲ့ သေးသော်လည်း အသက်(၁၈)နှစ် မပြည့် သေးသဖြင့် ဂင်းနစ် မှတ်တမ်းအဖွဲ့က တရားဝင် အသိ အမှတ် မပြုဘဲ ပင်ပင်းကိုသာ ကမ္ဘာ့ အရပ်အပုဆုံး လူသားအဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပင်ပင်းသည် ယမန်နှစ် ဂင်းနစ်မှတ်တမ်း စာအုပ် အတွက် ကမ္ဘာ့ အရပ်အမြင့်ဆုံး လူသား ဖြစ်သော တူရကီနိုင်ငံသား ဆူလတန် ကိုဆန်နှင့် ဓာတ်ပုံတွဲ အရိုက်ခံခဲ့ရာ ကမ္ဘာ့ စာနယ်ဇင်း အမြောက်အမြားက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here