ကမ္ဘာ့ ပထမဆုံး လိင်မဲ့ ပုဂ္ဂိုလ်

alt

အသက် (၄၈)နှစ် အရွယ် နော်ရီ မေဝယ်ဘီသည် ကမ္ဘာ့ ပထမဆုံး လိင်မဲ့ ပုဂ္ဂိုလ်အဖြစ် တရားဝင် မှတ်တမ်းတင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ဆရာဝန်များက မေဝယ်ဘီသည် ယခုအခါ ယောက်ျား၊ မိန်းမ ခွဲခြား၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် စကော့တလန်တွင် ယောက်ျားလေး တဦးအဖြစ် မွေးဖွားခဲ့သော်လည်း (၂၈)နှစ် အရွယ် (၁၉၉၀) ပြည့်နှစ်တွင် လိင် ပြောင်းလဲမှု ခွဲစိတ်ကုသ ခံခဲ့ရသည်။

ထို့နောက်တွင် ၎င်းသည် အမ ဟိုမုန်းများ ထိုးသွင်းပေးမှု ကုထုံးကို ရပ်ဆိုင်းလိုက်ရာ ယခုအခါ အမျိုးသား မှန်း၊ အမျိုးသမီး မှန်း မသတ်မှတ်နိုင်သည့် လိင်မဲ့လူသား ဖြစ်လာခဲ့သည်။ မေဝယ်ဘီသည် ဩစတြေးလျသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး အမျိုးသား တဦးအဖြစ် မှတ်ပုံတင်ထားခဲ့သည်။

သို့သော်လည်း ယခုအခါ ဩစတြေးလျ အာဏာပိုင်များက လိင်မဲ့လူသားအဖြစ် စာရင်းသွင်း မှတ်တမ်းပြု စုပေးရန် သဘောတူ လိုက်ပြီဖြစ်သည်။ ယင်း သဘောတူညီချက်မှာ ဆရာဝန်များက မေဝယ်ဘီ၏ လိင် အမျိုးအစားကို မခွဲခြားနိုင် ပါကြောင်း ဝန်ခံ လိုက်ပြီးနောက် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။ မိမိအတွက် အမျိုးသား၊ အမျိုးသမီး ခွဲခြားရန် အရေးမကြီးကြောင်း၊ အလွယ်ဆုံး ဖြေရှင်းနည်းမှာ မည်သည့် လိင် အမျိုးအစားတွင်မှ ထည့်သွင်း မသတ်မှတ်ခြင်းပင် ဖြစ်ကြောင်း မေဝယ်ဘီက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here