နိုင်ငံရေး လုပ်ကြံသတင်း ထုတ်လွှင့်မှု ကြောင့် ဂျော်ဂျီယာ ရုပ်မြင်သံကြား ဌာန ဝေဖန်ခံရ

alt

ဂျော်ဂျီယာနိုင်ငံ ရုပ်မြင်သံကြား ဌာနတခုက နိုင်ငံရေးအရ အန္တရာယ်များသော လုပ်ကြံ သတင်းတခုကို ထုတ်လွှင့် ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ပုဂ္ဂလိကပိုင် Georgia’s No. 3 Channel သည် ရုရှားတပ်မ တခု နိုင်ငံအတွင်း ကျူးကျော် ဝင်ရောက် ကာ သမ္မတ မစ်ခေးလ် ဆာကာ ရှာဗီလီအား သတ်ဖြတ်ခဲ့ကြောင်း လုပ်ကြံ ဖော်ပြသွားခဲ့သည်။ (၂၀၀၈) ခုနှစ်က အကြီးအကျယ် စစ်ပွဲဆင်ထားသည့် ရုရှားနှင့် ဂျော်ဂျီယာကြား တင်းမာမှုများ ရှိခဲ့ရာ ယင်း သတင်း ကြောင့် တနိုင်ငံလုံး ထိတ်လန့် အံ့အားသင့် သွားခဲ့သည်။

ထို သတင်းဌာန၏ ဖော်ပြချက်ကို အချို့ သတင်းဌာနများ ကပင် ကိုးကား တင်ပြ ခဲ့ကြသေးသည်။ နောက် ပိုင်းမှ ယင်း Channel က အစီအစဉ် တခုဖြစ်သော Did not correspond with reality အတွက် ယင်း လုပ်ကြံသတင်းကို ထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်း ကြေညာခဲ့ရာမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ယင်းသတင်းအား နားထောင် လိုက်ရပြီးနောက် နှလုံးရောဂါ ဖောက်လာသဖြင့် ဆေးသောက်ခဲ့ရသော တီဘလီဆီ မြို့တော်ဝန် ဂိုချာခါချူအာရီ က ၎င်းသည် အဆိုပါ ကိစ္စအတွက် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here