Dot com အသုံးပြုမှု ငွေရတု နှစ်ပတ်လည်

alt

မတ်လ (၁၅)ရက်နေ့သည် ကမ္ဘာ တဝှမ်းတွင် တွင်ကျယ်စွာ အသုံးပြု နေပြီဖြစ်သည့် အင်တာနက် နည်းပညာ အတွက် အထိမ်းအမှတ် နေ့တခု ဖြစ်သည်။

ယင်းနေ့သည် ၁၉၈၅ ခုနှစ်က .com ဖြင့် အမည်ပေး မှတ်ပုံတင်ခဲ့သည့် ပထမဆုံး ဝဘ်ဆိုဒ် အမည်အတွက် ငွေရတု နှစ်ပတ်လည် နေ့လည်း ဖြစ်သည်။ Symbolics ကွန်ပြူတာ ကုမ္ပဏီသည် (၁၉၈၅) ခုနှစ်က ကမ္ဘာ့ ပထမဆုံး .com အသုံးပြု ဝဘ်ဆိုဒ်ဖြစ်သော symbolics.com ကို မှတ်ပုံ တင် လွှင့်တင်ခဲ့သည်။

၎င်းနောက် ဒုတိယမြောက် လွှင့်တင်သော BBN ၏ ဝဘ်ဆိုဒ်မှာ တလခန့် ပိုနောက်ကျ နေသေးသည်။ ထို့ နောက်ပိုင်းတွင် .com အသုံးပြု ဝဘ်ဆိုဒ်များသည် ကမ္ဘာနှင့်တဝှမ်း တွင်ကျယ်စွာ ပေါ်ပေါက်လာခဲ့သည်။ Commercial ၏ အတို ကောက်ဖြစ်သည့် .com ကို အသုံးပြုထားသည့် ဝဘ်ဆိုဒ်များမှာ ယနေ့ခေတ်တွင် သန်းပေါင်း မြောက်မြားစွာ ရှိနေပြီ ဖြစ်သည်။

Symbolics က ၎င်း၏ ဝဘ်ဆိုဒ်ကို စတင်လွှင့်တင်ပြီး (၂၅)နှစ် ကြာမြင့်ချိန်အတွင်း အနည်းဆုံး .com အသုံးပြု ဝဘ်ဆိုဒ်ပေါင်း သန်း(၂၀၀)ကို Register လုပ်လာကြကြောင်း ခန့်မှန်းထားသည်။ ကမ္ဘာ့ ပထမဆုံး ဝဘ်ဆိုဒ်ဖြစ်သည့် symbolics.com မှာလည်း ယနေ့တိုင် လည်ပတ်နေဆဲ ဖြစ်သောကြောင့် သက်တမ်းအရင့်ဆုံး ဝဘ်ဆိုဒ်အဖြစ် ရပ်တည် လျက် ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here