ဒေါ်လာ နှစ်သောင်းတန် စိန်ပွင့်များ စားပစ်လိုက်သည့် ခွေး

alt

ခွေးတကောင်သည် ဒေါ်လာ (၂) သောင်းတန် စိန်ပွင့်များအား စားပစ်လိုက်ကြောင်း သိရှိရသည်။ အလွန် တန်ဖိုးရှိသော နေ့လယ်စာ အဖြစ်

အမေရိကန် လက်ဝတ်ရတနာ အရောင်းဆိုင် တခုမှ မွေးမြူထားသော ခွေးက စိန် (၃)ပွင့်အား မြိုချ လိုက်ခြင်း ဖြစ်သည်။

Golden Retreiver အမျိုးအစား ခွေးကလေး ဆိုလီသည် အရောင်းစာရေး တဦးလက်မှ မတော် တဆ လွတ်ကျသွားသော စိန်ပွင့်လေး များအား အပြေးအလွှား ဟပ်၍ စားပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင် အရောင်းစာရေးက ဆိုင်ပိုင်ရှင်ထံ သွားရောက် အကြောင်းကြား ခဲ့ရာမှ ပိုင်ရှင်က ဆိုလီ ဝမ်းအသွားကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ရပြီး နောက် (၃)ရက် အကြာ မတ်လ (၁၄)ရက် နေ့တွင် စိန်ပွင့်လေးများ အား ပြန်လည် ရရှိလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here