ဘန်ကောက် မြို့တော်သို့ ရှပ်နီဝတ် လူထု ကုန်းကြောင်း ရေကြောင်းမှ တက်ကာ ဆန္ဒပြ နေကြ

alt

မတ်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များသည် ဘန်ကောက် မြို့တော်၏ အချို့နေရာ များကို ပိတ်ဆို့ထား လိုက်ကြောင်း

သိရှိရသည်။

ရှပ်နီဝတ် ဆန္ဒပြသူများက ၎င်းတို့အနေနှင့် ထိုင်းအစိုးရအား ရာထူးမှ ဆင်းပေးသည် အထိ တိုက်ပွဲဝင် တောင်းဆိုသွားမည်ဟု ကြွေးကြော် ထားကြသည်။ ဆန္ဒပြမှု များကြောင့် မြို့တော် မြောက်ပိုင်းရှိ ဘဏ်များ၊ ဆိုင်များနှင့် အစိုးရရုံးများကို ပိတ်ထားလိုက်ရပြီး ဝန်ကြီးချုပ် အဘီဆစ်ဗီဂျာဂျီဗာ၏ ရုံးခန်းနှင့် ၎င်းအား ကျောထောက်နောက်ခံ ပြုသော စစ်ဌာနများကို လုံခြံုရေး ထူထပ်စွာ ချထားလိုက်ရသည်။

AP သတင်းဌာနက ဘန်ကောက်ရှိ စစ်စခန်း တခုအတွင်း လက်ပစ်ဗုံးများ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်လာ ခြင်းကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်အား ထောက်ခံသူများသည် မတ်လ(၁၄)ရက်နေ့က ဘန်ကောက် မြို့တော်တွင် အင်အား စုရုံးမိကြပြီး အစိုးရအဖွဲ့နှင့် ပါလီမန်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ လူပေါင်း သိန်းနှင့်ချီရှိသော ဆန္ဒပြသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အခြားသော ဒေသများမှ ဘန်ကောက်သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် လာရောက်ကြခြင်း ဖြစ်သည်။

သတင်းများ၏ အဆိုအရ မတ်လ(၁၄) ရက်နေ့က ဝန်ကြီးချုပ် အဘီဆစ်သည် ရုံးခန်းမှ စစ်တပ် အစောင့်အကြပ် ထူထပ် စွာဖြင့် ထွက်ခွာ သွားပြီးနောက် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ရုံးရှေ့မှ ဆုတ်ခွာကာ အခြားသော အစိုးရ ရုံးများတွင် ဆက်လက် ဆန္ဒပြကြသည်။ ဆန္ဒပြသူများက စုစုပေါင်းလူဦးရေ နှစ်သိန်းခွဲမျှ ရှိနိုင်ကြောင်း ခန့်မှန်း ထားသော်လည်း ရဲများ ကမူ ယင်း၏ ထက်ဝက်မျှသာ ရှိနိုင်မည်ဟု ပြောကြားထားသည်။

ဆန္ဒပြ ခေါင်းဆောင်တဦး ဖြစ်သည့် နတ်တာဝတ် ဆိုင်ခူဝါက မိမိတို့သည် စစ်မှန်ငြိမ်းချမ်းသော ဒီမိုကရေစီအတွက် ဆန္ဒပြ တိုက်ပွဲဝင်သွားရန် အလွန်တက်ကြွ နေမိကြောင်း သတင်းထောက် များအား ပြောကြားသွားခဲ့သည်။ ဆန္ဒပြသူများ အနေ နှင့် ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုနေသော်လည်း စစ်တပ်၏ ထောက်ခံမှုရထားသော ဝန်ကြီးချုပ် အဘီဆစ်က ယတိပြတ် ငြင်းဆန်ပယ်ချ ထားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here