ပြင်သစ် ဝန်ကြီးချုပ် ဆာကိုဇီ ရွေးကောက်ပွဲတွင် အောင်ပွဲခံနိုင်ရန် မလွယ်

alt

ပြင်သစ် ဝန်ကြီးချုပ် နီကိုလတ် ဆာကိုဇီ အနေနှင့် ရွေးကောက်ပွဲတွင် အရေးနိမ့်မည့် အခြေအနေမျိုးကို ကြံုနေရပြီ ဖြစ်သည်။

မတ်လ (၁၄)ရက်နေ့၊ ဒေသတွင်း ရွေးကောက်ပွဲ ရလဒ်များအရ ဆာကိုဇီ၏ ပြိုင်ဖက် ဆိုရှယ်လစ်များမှာ အခြေအနေ ပိုကောင်းလျှက် ရှိကြသည်။ (၂၀၁၂)ခုနှစ်၊ သမ္မတ ရွေးကောက်ပွဲကြီး မတိုင်မီ နောက်ဆုံး ကျင်းပသော ဒေသခံ ရွေးကောက်ပွဲငယ် ရလဒ်များအရ လက်ရှိ သမ္မတမှာ ရုန်းကန်ရဖွယ် ရှိနေကြောင်း ရလဒ်များက ညွှန်ပြလျှက် ရှိနေသည်။

ဆိုရှယ်လစ် တို့သည် ပြင်သစ်တွင် လူကြိုက်များ နေသည့်တိုင် ပါတီအတွင်း မညီညွတ်မှု အချို့တို့နှင့် တိကျ သော မူဝါဒ မချမှတ်နိုင်သေးခြင်း တို့ကြောင့် (၂၀၁၂) ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သမ္မတ လောင်းကို တိတိကျကျ မရွေးချယ် နိုင်သေးချေ။ ဆာကိုဇီက ယခုဒေသတွင်း ရွေးကောက်ပွဲ ရလဒ်များက နိုင်ငံတခုလုံး မဲဆန္ဒနှင့် မသက်ဆိုင်နိုင်ကြောင်း ကာကွယ်ပြောကြား ထားသော်လည်း အစိုးရအပေါ် လူကြိုက် နည်းလာခြင်းကို မဖုံးဖိနိုင်ချေ။

လေ့လာသူများက ရွေးကောက်ပွဲတွင် ဆာကိုဇီ အနေနှင့် ဆိုရှယ်လစ် တို့အပြင် သဘာဝ ဝန်းကျင်ကို ချစ်မြတ်နိုးသော ဒင်နီရယ်ကွန်ဘန်ဒစ် ဦးဆောင်သည့် ဂရင်း ပါတီကိုပါ စိုးရိမ်ရမည့် အခြေအနေမျိုး ရှိနေကြောင်း သုံးသပ်ခဲ့သည်။ ယင်းသည် ဆိုရှယ်လစ်များနှင့် ဆာကိုဇီ တို့နောက် လူကြိုက်များမှု တတိယ နေရာတွင် ရှိနေသည်။ ဆာကိုဇီ၏ ပေါ်ပြူလာ လှုပ်ရှားမှု ပါတီသည် ယခုအကြို မဲဆန္ဒများအရ ဆိုရှယ်လစ်များအား ဖိအားပေးရန် ခက်ခဲဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here