ရုရှား ရွေးကောက်ပွဲအကြို မဲဆန္ဒကောက်ခံမှု သမ္မတ ဗလာဒီမာပူတင်၏ ပါတီ အခြေအနေကောင်း

alt

လူအများစု ခန့်မှန်းထားသည်နှင့် ကွဲလွဲစွာ ရုရှား ရွေးကောက်ပွဲ အကြို ဒေသတွင်း မဲဆန္ဒ ကောက်ခံမှု ရွေးကောက်ပွဲငယ် များတွင်

သမ္မတ ဗလာဒီမာပူတင်၏ ပါတီမှာ အခြေအနေ ကောင်းနေကြောင်း သိရှိရသည်။

ကမ္ဘာ့စီးပွား ပျက်ကပ်အတွင်း ပြည်သူများက ပူတင်၏ ဆောင်ရွက်ချက်များ အပေါ် ဝေဖန်ခဲ့ကြ သော် လည်း အကြိုမဲဆန္ဒ စစ်တမ်းများအရ ပူတင်သည် (၅၀)ရာခိုင်နှုန်း နီးပါးအထိ မဲရရှိနေကြောင်း သိရ သည်။ မတ်လ (၁၄)ရက်နေ့ စစ်တမ်းသည် ရုရှား၏အချို့သော ဒေသများတွင်သာ ကောက်ခံခဲ့ သော်လည်း ကရင်မလင်ရှိ အစိုးရအတွက် စိတ်သက်သာစရာ ဖြစ်ခဲ့ရသည်။

ပူတင်၏ ယူနိုက်တက်ရုရှား ပါတီသည် (၄၈)ရာခိုင်နှုန်း အထိ ထောက်ခံမှု ရရှိထားပြီး စီးပွားရေးအရ အချက် အခြာကျသည့် အရှေ့ဖျား တရုတ်နှင့် နယ်စပ် ခါဘာရော့တွင်လည်း ပူတင့်အား လူကြိုက်များ လျှက် ရှိကြသည်။

လေ့လာသူများ၏ အဆိုအရ ယူနိုက်တက် ရုရှားပါတီအား အဓိက ခြိမ်းခြောက် လာနိုင်သည်မှာ ဆိုက်ဘေးရီးယားတွင် လူထုထောက်ခံမှု (၆၂) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော ကွန်မြူနစ် ပါတီ ဖြစ်လာမည်ဟု သိရှိရသည်။ တတိယ နေရာတွင် ဒီမိုကရက်တစ် ပါတီက လူကြိုက် အများဆုံးအဖြစ် ရပ်တည်နေကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here